သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြကျောင်းသားတချို့ အာဏာပိုင်စောင့်ကြည့်ခံရ

Protest
1/15 Protest
အသေးစိတ် ဖတ်ရှုရန် Show less
Protest
2/15 Protest
အသေးစိတ် ဖတ်ရှုရန် Show less
Protest
3/15 Protest
အသေးစိတ် ဖတ်ရှုရန် Show less
Protest
4/15 Protest
အသေးစိတ် ဖတ်ရှုရန် Show less
Protest
5/15 Protest
အသေးစိတ် ဖတ်ရှုရန် Show less
Protest
6/15 Protest
အသေးစိတ် ဖတ်ရှုရန် Show less
Protest
7/15 Protest
အသေးစိတ် ဖတ်ရှုရန် Show less
Protest
8/15 Protest
အသေးစိတ် ဖတ်ရှုရန် Show less
Protest
9/15 Protest
အသေးစိတ် ဖတ်ရှုရန် Show less
Protest
10/15 Protest
အသေးစိတ် ဖတ်ရှုရန် Show less
Protest
11/15 Protest
အသေးစိတ် ဖတ်ရှုရန် Show less
Protest
12/15 Protest
အသေးစိတ် ဖတ်ရှုရန် Show less
Protest
13/15 Protest
အသေးစိတ် ဖတ်ရှုရန် Show less
Protest
14/15 Protest
အသေးစိတ် ဖတ်ရှုရန် Show less
Protest
15/15 Protest
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

နေပြည်တော်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲအပြီး ခရီးရှည်ချီတက် သပိတ်မှောက်နေတဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ နေအိမ်တချို့ကို အာဏာပိုင်တွေက စောင့်ကြည့်တာ ကျောင်းသားတွေအပြင်ထွက်ရင် နောက်ကလိုက်တာတွေ၊ မိသားစုကို စုံစမ်းမေးမြန်း ဖိအားပေးမှုတွေ ရှိတဲ့အတွက် ကျောင်းသားတွေက သူတို့အိမ်တွေမှာ ညမအိပ်ဘဲ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ခရီးရှည်ချီတက်နေတဲ့ ကျောင်းသားတွေကို မြန်မာအစိုးရက တွေ့ဆုံဆွေးနွေးခဲ့ပြီး ရက်ရွှေ့ဆိုင်းလိုက်ပြီးတဲ့နောက် နေအိမ်ပြန်ကြတဲ့ ကျောင်သားတွေအနေနဲ့ မလုံခြုံမှုတွေ ကြုံရတယ်လို့ ဆိုပါတယ်။ နေပြည်တော်မှာ ဆွေးနွေးပွဲအပြီး ပြန်လာတဲ့ ဗကသခေါင်းဆောင် မဖြိုးဖြိုးအောင်ရဲ့ နောက်ကနေ ရဲကားများ ဆက်လိုက်လာသလို ရဲထောက်လှမ်းရေးတွေကလည်း ညအတော်နက်တဲ့အထိ ရန်ကုန်မှာရှိတဲ့ သူရဲ့အိမ်ကို ဝိုင်းထားကြတာကြောင့် တခြားအိမ်ကို ပြောင်းရွှေ့အိပ်ခဲ့ရကြောင်း ပြောပါတယ်။

“လောလောဆယ်တော့ ကျမတို့အိမ်နားမှာ လုံခြုံရေးအပြည့် အဓိကတော့ ထောက်လှမ်းရေးပေါ့နော် ဆက်ပြီးတော့ စောင့်ကြည့်နေတုန်းပဲဆိုတဲ့ အနေအထားမျိုး ကျမတို့ သိရပါတယ်။ ကျမတို့ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်းသားတချို့ရဲ့ အိမ်တွေကို လာပြီးတော့ မေးတာတွေ ဘာတွေရှိတယ်လို့လည်း ကျမတို့ သိရတယ်ရှင့်။ အဲ့ဒါကြောင့် ကျောင်းသား တော်တော်များများကတော့ အိမ်မပြန်ဘဲနဲ့ တချို့က သပိတ်စစ်ကြောင်းကို သွားတဲ့သူရှိတယ်။ တချို့ကတော့ သူတို့ဆင်းရမယ့် ဒေသတွေ တန်းသွားတာရှိတယ်။ တချို့ကတော့ တခြားအိမ်တွေမှာပေါ့နော် လောလောဆယ် နေနေတာမျိုး။ မကွေးဘက်ကို သွားတဲ့နောက်ကိုလည်း လိုက်တယ်။ နောက်ပြီးတော့ မုံရွာဘက်ကို ကျောင်းသားအချို့ ပြန်တာရှိတယ်။ သူတို့ကားပေါ်တက်တဲ့အခါမှာလည်း လိုက်တယ်။ ကျမတို့ကားနောက် --- အထွက်နားအထိ ဆက်လိုက်တယ်။”

ဖေဖော်ဝါရီလ ၃ ရက်နေ့ညကတော့ ဆွေးနွေးပွဲတက်ပြီး ပြန်တဲ့ ကားတွေနောက်ကနေ ရဲကားများ အဆက်မပြတ်လိုက်လာပြီး ရန်ကုန်ကိုပြန်တဲ့ သူတွေနောက်ကလည်း ထပ်ချပ်မကွာ လိုက်ပါနေတယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲတွေအတွင်း သပိတ်လှန်ဖို့ မြန်မာအစိုးရဘက်က တောင်းဆိုနေပေမဲ့ ကျောင်းသားတွေကတော့ ချီတက်သပိတ်မှောက်နေတဲ့ လှုပ်ရှားမှုတွေကို ဆက်လုပ်နေဆဲဖြစ်ပြီး အခုဆိုရင် မကွေးတိုင်းအတွင်းက သစ်ရာကောက်ရွာအနီးကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သပိတ်မှောက်ချီတက်နေတဲ့ နေရာမှာ ကျောင်းသားတွေနဲ့ အတူရှိနေတဲ့ ကျမတို့ရဲ့ ဗွီအိုအေတီဗွီသတင်းထောက် ကိုစည်သူကတော့ ဒီနေ့မှာ ကျောင်းသားတွေအနေနဲ့ အတားအဆီးတွေမရှိဘဲ စည်းရုံးလှုပ်ရှားမှုတွေ လုပ်နိုင်ခဲ့တယ်ဆိုပြီး ပြောဆိုခဲ့သလို ဆက်သွားဆိုတဲ့ နေရာတခုမှာတော့ အာဏာပိုင်တွေ အလုံးအရင်းနဲ့ ပိတ်ဆို့ထားတဲ့ သတင်းတွေတော့ ကြားနေရကြောင်း ပြောပြပါတယ်။

“ဆက်သွားဆိုတဲ့ ရွာမှာ ရဲတွေရှိနေတယ်လို့ သတင်းကြားထားကြတာလေ။ သူတို့သပိတ်က ဆက်သွားဆိုတဲ့နေရာကို သွားမယ်ဆိုရင် နောက်ထပ် ၂ ရက်လောက် လမ်းလျှောက်ရလိမ့်ဦးမယ်။ မကွေးကွန်ပြူတာ တက္ကသိုလ်ကို ဝင်တယ်။ အဲ့ဒီ မကွေးကွန်ပြူတာ တက္ကသိုလ်ကို ဝင်တဲ့အချိန်မှာ စကားနည်းနည်းပါးပါး ပြောပြီးတော့ သူတို့ ဝင်ခွင့်ရတယ်။ မကွေးတက္ကသိုလ်မှာ ဆွေးနွေးဖြစ်ကြတယ်။ ဟောပြောတယ်၊ စည်းရုံးဟောပြောကြတယ်။ အဆင်ပြေတယ် သူတို့။ ပြီးတော့ လမ်းတလျှောက်လုံး ဘာအတားအဆီးမှ မရှိဘူး။ ကျနော်တို့ တွေ့သလောက်လည်း ဘာအတားအဆီးမှ မတွေ့ဘူး။ မကွေးနဲ့ ၁၄ မိုင်လောက်ဝေးတဲ့ သရက်လေးပင်ရွာကို ရောက်နေတယ်၊ ခုနကလေ။”

အလာတူးပဲ ဧရာဝတီတိုင်း ပုသိမ်မြို့ကနေ ချီတက်လာကြတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းကတော့ ကျောင်းကုန်းမြို့အဝင် ပုသိမ်-မံုံရွာ ကားလမ်းတလျှောက်မှာ လူထုတွေက ကြိုဆိုနေကြပါတယ်။ ဧရာဝတီကနေ ချီတက်လာတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းမှာတော့ အထက်တန်းအရွယ် ကျောင်းသူတွေ ပါဝင်လာကြပြီး မိဘတွေကိုယ်တိုင် လာရောက် အပ်နံှပေးခဲ့သလို သားသမီးတွေအတွက် မိဘတွေကိုယ်တိုင် ဝန်းရံအင်အားအဖြစ် လိုက်ပါခဲ့ကြပါတယ်။ ဒီထဲမှာ ကျောင်းထုတ်ပစ်မယ်လို့ သတိပေးခံထားရတဲ့ ၁၀ တန်းကျောင်းသူ မချောစုစံ လည်း ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း စတဲ့ တိုင်းနဲ့ ပြည်နယ် တချို့မှာတော့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ကျောင်း သားတွေ ပြန်လည်စုဝေးနေကြပြီး ပင်မသပိတ်စစ်ကြောင်းကို လာရောက်ပူးပေါင်းဖို့ လုပ်ဆောင်နေကြသလို တချို့ကတော့ ရန်ကုန်ကို သူတို့အစီစဉ်နဲ့ သူတို့ ချီတက်ဖို့ ပြင်ဆင်နေကြပါတယ်။

XS
SM
MD
LG