COVID-19 ကပ်ရောဂါကူးမှာ စိတ်ပူနေစရာမလိုဘဲ အလှပြင်ပစ္စည်းတွေကို စိတ်ချလက်ချ စမ်းကြည့်နိုင်မယ့် ထူးခြားတဲ့ ကြည့်မှန်တွေကို အလှပြင်ပစ္စည်းအရောင်းဆိုင်တချို့မှာ သုံးနေကြပါတယ်။ ကိုယ်နဲ့လိုက်ဖက်မယ့် မိတ်ကပ်ကို မျက်နှာပေါ်မတင်ဘဲ မှန်ပေါ်မှာပေါ်အောင် လုပ်ပြနိုင်တဲ့ AR နည်းပညာသုံးကြည့်မှန်အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။