CSW လို့ခေါ်တဲ့ အမျိုးသမီးများ အခြေပြကော်မရှင်ရဲ့ ၅၅ ကြိမ်မြောက် ညီလာခံကို မတ်လ ၁ ရက်နေ့ကျရင် နယူးယောက်ခ်မြို့မှာ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပဖို့ရှိနေပါတယ်။ အဲ့ဒီညီလာခံမတိုင်ခင်မှာ နိုင်ငံအသီးသီးက အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေရဲ့ အမျိုးသမီးကိုယ်စားလှယ်တွေက ကုလသမဂ္ဂ ဌာနချုပ်မှာ ကြိုတင်ရောက်နေကြပြီးတော့ ရှင်းလင်းဟောပြောပွဲတွေကို လုပ်နေကြ ပါတယ်။ ထိုင်းအခြေစိုက် WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ကိုယ်စားလှယ် ၂ ယောက်ကလဲ သူတို့ လေ့လာထားတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အခြေအနေတွေကို ပြောပြဖို့ အဲ့ဒီမှာရောက်နေကြတဲ့အတွက် သူတို့ ဘာတွေ တင်ပြဆွေးနွေးမှာ လဲဆိုတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်ရှင်။