ကမ္ဘာတဝန်းရင်ဆိုင်နေရတဲ့ COVID-19 ကပ်ရောဂါကူးစက်မှုကို တားဆီးထိန်းချုပ်နိုင်ဖို့ အစိုးရတွေ၊ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေ ကြိုးစားနေကြတဲ့ထဲမှာ နည်းပညာသုံး တားဆီးမယ့် နည်းလမ်းတွေလည်း ပါဝင်ပါတယ်။ COVID 19 ရောဂါဖြစ်နေသူတွေရှိနေတဲ့ မြန်မာနိုင်ငံမှာရော နည်းပညာအသုံးချဆောင်ရွက်မှုတွေ ဘာတွေရှိနေသလဲဆိုတာကို နည်းပညာကျွမ်းကျင် ကိုညီလင်းဆက်နဲ့ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ မေးမြန်းတင်ပြထားပါတယ်။