သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတရားတဲ့ ထိုင်းအလုပ်ရှင် မြန်မာအလုပ်သမားတွေ တရားစွဲမည်


မတရားတဲ့ ထိုင်းအလုပ်ရှင် မြန်မာအလုပ်သမားတွေ တရားစွဲမည်
မတရားတဲ့ ထိုင်းအလုပ်ရှင် မြန်မာအလုပ်သမားတွေ တရားစွဲမည်

ဘန်ကောက်မြို့ ဒင်ဒန်း မြို့နယ်ထဲက အိမ်တွင်းစက်ချုပ်ရုံမှာ ပိတ်လှောင်ပြီး အလုပ်ခိုင်းစေ ခံံထားရတဲ့ မြန်မာအလုပ်သမား ၃၉ ယောက်ကို ဧပြီလ ၁၉ ရက်မှာ ထိုင်းလူကုန်ကူးမူ နှိမ်နှင်းရေးအထူးတပ်ဖွဲ့က ကယ်ထုတ်ပေးခဲ့ပါတယ်။ ပြန်လည် လွတ်မြောက်လာတဲ့ မြန်မာအလုပ်သမား တွေထဲက ၁၅ ဦးဟာ အလုပ်ရှင်ကို တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။ ဒီအကြောင်း အပြည့်စုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အိမ်တွင်းအထည်ချုပ် စက်ရုံမှာ အတင်းအကျပ် အလုပ်စေခိုင်းခံထားရတဲ့ မြန်မာအလုပ်သမား ၃၉ယောက် ဟာ သူတို့ကို ထိုင်းလူကုန်ကူးမူ တိုက်ဖျက်ရေး အထူးရဲေတွေက ကယ်ထုတ်ပြီး ပြန်လည် လွတ်မြောကလာ ပြီးတဲ့နောက် သူတို့ထဲက ၁၅ ဦးဟာ လူသားမဆန်စွာ ပြုမူခဲ့တဲ့ သူတို့အလုပ်ရှင်ကို လူကုန်ကူးမှု၊ အိမ်တွင်းမှာ အတင်းအကျပ် ပိတ်လှောင်ပြီး အလုပ်စေခိုင်းမှု၊ လုပ်အားခ နစ်နာစေမှုတွေနဲ့ တရားစွဲတော့မှာ ဖြစ်ပါတယ်။ တရားလိုအဖြစ် ဖမ်းဆီရာမှာ တိုင်ချက်ဖွင့်ခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖဲ့ွ တာဝန်ခံ ဦးကျော်သောင်းက ဦးဆောင်ပြီး တရားစွဲဆိုမှာဖြစ်ကြောင်း အခုလို ပြောပြပါတယ်။

“အလုပ်သမားတွေအတွက် ဆုံးရှုံးနစ်နာခတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ အလုပ်သမားတွေကို မတရားသဖြင့် ပိတ်လှောင်ပြီးတော့ အလုပ်လုပ်ခ အပြည့်အ၀ မပေးတာတွေ အကုန်လုံးပေါ့။ အလုပ်သမားတွေရဲ့ ဆုံးရှုံးနစ်နာမှုဟူသမျှကို အဲဒီအလုပ်သမားတွေရဲ့ ကိုယ်စား တရားလိုအဖြစ် အမှုဖွင့်ထားတာပါ။ ဒီအလုပ်သမားတွေရဲ့ ကိုယ်စား တရားလိုဖြစ်ပါတယ်။”

များသောအားဖြင့် အလုပ်ရှင်တွေဟာ နယ်မြေခံ ရဲတွေကို ညှိနှိုင်းထားတာတွေ ရှိတတ်တာကြောင့် ဒင်ဒန်းနယ်မြေခံ ရဲစခန်းကို အကြောင်းမကြားဘဲ လူကုန်ကူးမူ တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ကို တိုက်ရိုက် ဆက်သွယ်ခဲ့တဲ့ အကြောင်းကိုလည်း ပြောပြပါတယ်။ အလုပ်သမားတွေထဲက ထွက်ပြေးလာခဲ့တဲ့သူ တဦးက သူတို့ နေထိုင်ခဲ့တဲနေရာကို လိုက်လံလမ်းပြခဲ့ပြီး အလုပ်ရှင်ကို ဖမ်းဆီးရမိဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။

၁၉ ရက်နေ့ကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက စစ်ဆေးနေစဉ်မှာပဲ အလုပ်ရှင်က ရဲတွေကို လမ်းပြ အဖြစ် လုပ်ပေးခဲ့သူ မောင်ဖြိုးဝေဦးကို လူရှေ့မှာပဲ ရိုက်နှက်တာ လုပ်ခဲ့သေးကြောင်း မောင်ဖြိုးဝေဦးက အခုလို ပြောပြပါတယ်။

“ကျနော်နဲ့ လမ်းမှာ မျက်နှာချင်းဆိုင် တိုးတယ်။ မျက်နှာချင်းဆိုင်မှာ ကျနော် လာနေရင်းနဲ့ ရိုက်ချလိုက်တာ။ ကျနော်က အခုချိန်မှာ သူဌေးမရဲ့ အမုန်းဆုံးလူ ဖြစ်နေတယ်။ အခု သူဌေးမက အစစ အရာရာ ကျနော့်ကိုပဲ ကျနော့်ကြောင့်ပဲ ဖြစ်ရတယ်ပေါ့။ ကျနော်ကလည်း အဲဒီတုန်းက ထွက်ပြေးသွားတဲ့သူ ဆိုတော့။ တကယ်လို့ ဒီဟာတွေ ပြီးပြတ်သွားပြီဆိုရင်တောင်မှ ဒီနယ်မှာ ဆက်လုပ်ဖို့ ဆိုတာ စိတ်ထဲမှာ စိုးရိမ်စိတ်တော့ ဖြစ်တယ်။ ကိုယ့်အနေနဲ့ အဲဒီလို လုံခြုံမှုမရှိဘူး ဆိုရင်တော့ စိုးရိမ်ရတဲ့သဘောမှာ ရှိတယ်လေ။”

အလုပ်ရှင်သူဌေးမက မောင်ဖြိုးဝေဦးကို လူကုန်ကူးမူ နှိမ်နှင်းရေး အထူးတပ်ဖွဲ့ ရုံးထဲမှာတောင် ခြိမ်းခြောက်မူတွေ လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အလုပ်သမား ဥပဒေချိုးဖောက်မှု စွပ်စွဲချက်နဲ့ အလုပ်ရှင်လင်မယား ၂ ဦးကို ရဲတွေက ဖမ်းဆီထားပါတယ်။

၂၀ ရက်နေ့မှာတော့ အလုပ်သမားတွေထဲက ၁၅ ဦးက တရားလိုအဖြစ် တရားစွဲဆိုမှာ ဖြစ်တာကြောင့် သူတို့တွေကို ပထုံဌာနီ နဲ့ နွံထဘူရီက ကယ်ဆယ်ရေးစခန်းကို ပို့ဆောင်မယ့်အချိန်မှာ ကျန်တဲ့ တရား မစွဲဘူးဆိုတဲ့ အလုပ်သမားတွေကိုတော့ ဒင်ဒန်းရဲစခန်းကနေ လက်ထိပ်ခတ် သံကြိုးနဲ့ချည်ပြီး ကားပေါ်ကို ခေါ်ထုတ်သွားတာကြောင့် တရားစွဲဖို့ကျန်ခဲ့တဲ့ အလုပ်သမားတွေအတွက် စိတ်မသက်မသာနဲ့ ထိတ်လန့်မူတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလို အလုပ်သမားတွေအနေနဲ့ အားကိုးရာမဲ့သလို ဖြစ်နေချိန်မှာ မြန်မာသံရုံးဘက်က အကူအညီ ပေးတာ မျိုးတွေ မတွေ့ရှိရဘူးလို့ ဦးကျော်သောင်းက ပြောပြပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လူကုန်ကူးမူကိစ္စကို ဥပဒေအရ လုပ်ဆောင်မူတွေ ပြီးလို့ နစ်နာကြေး ပေးမယ်ဆိုရင် မြန်မာအာဏာပိုင်တွေ လက်ထဲကနေတဆင့် တရားဝင်ပေးအပ်မယ့် အခြေအနေရှိတာကြောင့် တရားဝင် မြန်မာငွေလဲနှုန်းနဲ့ အလုပ်သမားတွေ နစ်နာကြေး ပြန်ရမယ်ဆိုရင်လည်း အလုပ်သမားတွေအတွက် နစ်နာမူတွေ ထပ်ဖြစ်လာနိုင်တယ် လို့လည်း ပြောပြပါတယ်။ လက်ရှိမှာတော့ အလုပ်သမား ၁၄ ဦးကို ကယ်ဆယ်ရေး စခန်းတွေမှာထားပြီး အဓိက သက်သေ ကိုဖြိုးဝေဦး ကိုတော့ လုံခြုံရေးအရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က ရဲစခန်းမှူး ကိုယ်တိုင် တာဝန်ယူ ပေးထားပါတယ်။

XS
SM
MD
LG