iPhone၊ iPad တွေကြောင့် အကျိုးအမြတ်တွေအများကြီးရခဲ့တဲ့ Apple ကုမ္ပဏီက ဓါတ်အားနဲ့ မောင်းနိုင်မဲ့ မော်တော်ကား ထုတ်လုပ်ဖို့ကြိုးစားနေပုံရတယ်ဆိုတဲ့ သတင်းတွေ တော်တော်လေး ထွက်နေပါတယ်၊ Apple ကမ္ပဏီကိုယ်တိုင်ကတော့ ဘာမှ ထုတ် မပြောသေးပေမဲ့ မော်တော်ကားထုတ်လုပ်ဖို့ ပြင်ဆင်နေတဲ့ အခြေအနေတွေ အများကြီး တွေ့နေရတဲ့အကြောင်း မစုမြတ်မွန်ရဲ့ ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ သိရပါမယ်၊