Microsoft ကအသစ်ထွက်ဖို့ရှိတဲ့ Windows 10 Operating System ကျရင် အင်တာနက်သုံးဖို့လိုတဲ့ Web browser သစ်လဲ ပါလာမှာဖြစ်ပါတယ်၊ Project Spartan လို့ နာမည်ဝှက်ပေးပြီး Microsoft အသစ်ထွင်နေတဲ့ Web browser သစ် အကြောင်းကို ဘလော်ဂါတွေပြောသမျှမှာ မစုမြတ်မွန်က ရှင်းပြထားပါတယ်။