သုံးရလွယ်ကူစေသည့် Link များ

သတင်းထောက်တွေ အားကိုးလာတဲ့ Drone ယာဉ်များ


နိုင်ငံတကာ သတင်းဌာနတွေက ရေးသားဖော်ပြ၊ ထုတ်လွှင့်နေတဲ့ သတင်းတွေထဲမှာ အဝေးထိန်း Drone ယာဉ်ပျံတွေပေါ်ကနေ ရိုက်ကူး မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံတွေ၊ Video တွေကို တွေ့မြင်နေရပါတယ်၊ Drone ယာဉ်တွေနဲ့ရိုက်တဲ့အခါ အားလုံးကို အပေါ်စီးကနေ ခြုံမြင်နိုင်တဲ့ အားသာချက်ရှိတယ်လို့ ဓါတ်ပုံသတင်းထောက် ကိုစိုးဇေယျထွန်းက ပြောပါတယ်၊ တိုးတက်တဲ့ နည်းပညာတွေကြောင့် အတွေ့အကြုံမရှိသူတွေတောင် ဒီနေ့ခေတ်ပေါ် Drone တွေကို အခက်အခဲသိပ်မရှိဘဲ သုံးနိုင်ကြတယ်လို့ ဆိုပါတယ်၊ ခုလိုအားသာချက်တွေရှိသလို ဘယ်လိုအားနည်းချက်တွေ ရှိပါသလဲ၊ မစုမြတ်မွန်က ဘလော်ဂါတွေ ပြောသမျှမှာ တင်ပြထားပါတယ်။

XS
SM
MD
LG