အမေရိကန်သမ္မတလောင်း ဝင်အရွေးခံမဲ့သူတွေအတွက် အလှူငွေ ထည့်နိုင်အောင်လို့ Twitter လူမှုကွန်ယက်ပေါ်မှာ စီစဉ်ပေးထားပါတယ်၊ အမေရိကန်နိုင်ငံထဲမှာ ရှိနေတဲ့ ဘယ်သူမဆို၊ ကိုယ်ကြိုက်တဲ့ သမ္မတလောင်းအတွက် ကြိုက်သလောက် အလှူငွေထည့်လို့ရအောင် Twitter ပေါ်မှာ Online ငွေလွှဲကုမ္ပဏီတခုနဲ့ ချိတ်ဆက်ပေးလိုက်တဲ့အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှအစီအစဉ်မှာ ရှင်းပြပါလိမ့်မယ်။