ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်မှာရှိတဲ့ မသန်စွမ်းသူတွေရဲ့ ဘဝတွေ ပိုပြီးတိုးတက်စေဖို့၊ အခွင့်အလမ်းတွေ ပိုပြီးပွင့်လာစေဖို့ရည်ရွယ်ပြီး Google ကုမ္ပဏီရဲ့ Google.org ပရဟိတအဖွဲ့အစည်းက ဆောင်ရွက်နေပါတယ်၊ မသန်စွမ်းသူတွေ အသုံးဝင်မဲ့ နည်းပညာတွေကို တီထွင်ဖန်တီးနေတဲ့ ပရဟိတအဖွဲ့အစည်းပေါင်း ၂၉ ခုကို ရန်ပုံငွေစုစုပေါင်း ဒေါ်လာ သန်း ၂၀ ပေးမယ့် အစီအစဉ်အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။