အမြင်အာရုံ ဆုံးရှုံးနေသူတွေ သွားလာတဲ့အခါ တုတ်ကောက်တို့၊ လမ်းပြခွေးတို့၊ GPS တို့ကို အားကိုးစရာမလိုဘဲ လမ်းညွှန်ပေးနိုင်မဲ့ စက်ကို Toyota ကုမ္ပဏီက တီထွင်နေပါတယ်။ Project BLAID လို့နာမည်ပေးထားတဲ့ စက်ရဲ့ပုံစံက ပုခုံးပေါ်မှာ ချိတ်တင်ထားလို့ရမဲ့ မြင်းခွာပုံ အပြားလေးဖြစ်ပါတယ်၊ Project BLAID က ဘယ်လို လမ်းပြမှာလဲဆိုတာကို မစုမြတ်မွန်က ဘလော်ဂါတွေ ပြောသမျှမှာ ရှင်းပြထားပါတယ်။