မကြာခင် ဈေးကွက်ထဲကို ရောက်လာတော့မယ့် Samsung ကုမ္ပဏီထုတ် Galaxy Note7 လက်ကိုင်ဖုန်းသစ်ထဲမှာ ဖုန်းပိုင်ရှင်ရဲ့ မျက်ဆန်ကို မှတ်ထားနိုင်ပြီး ဖုန်းသုံးမယ့်သူဟာ ပိုင်ရှင်အစစ်ဟုတ်ရဲ့လားဆိုတာကို စစ်ဆေးပေးနိုင်တဲ့ Iris Scanner ကိုအသစ်ထည့်သွင်းထားပါတယ်။ လုံခြုံရေးစနစ်ကို မြှင့်လိုက်တဲ့ Galaxy Note7 ဖုန်းသစ်အပေါ် နည်းပညာကျွမ်းကျင်သူတွေက ဘယ်လို သုံးသပ်ကြသလဲဆိုတာကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။