Computer နဲ့ဖန်တီးတဲ့အရာတွေကို လက်ကိုင်ဖုန်းလို ကြားခံကတဆင့် မြင်တွေ့နိုင်အောင်ဖန်တီးပေးတဲ့နည်းပညာကို Augmented Reality အတိုကောက် AR လို့ ခေါ်ပါတယ်။ Pokémon Go ဂိမ်းကြောင့် AR နည်းပညာအပေါ် အာရုံစိုက်မှုပိုရလာခဲ့တဲ့အပြင် အလားတူဖန်တီးမှုတွေကို အပြိုင်လုပ်လာနေကြပါတယ်။ ဈေးကွက်မှာ နောက်ထပ်တိုးတက်မှုတွေ ရှိလာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေခန့်မှန်းနေတဲ့ Augmented Reality နည်းပညာအကြောင်းကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ ပြောပြပါလိမ့်မယ်။