Apple နည်းပညာကုမ္ပဏီကြီးအပေါ် အိုင်ယာလန်နိုင်ငံက အမြတ်ခွန် အထူးအခွင့်အရေးတွေပေးခဲ့တယ်လို့ဆိုပြီး ၂၀၀၃ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း Apple ကပေးသင့်တဲ့ အမြတ်ခွန် ဒေါ်လာ ၁၄.၅ ဘီလျံနဲ့ အတိုးပါ ပေးရမယ်လို့ ဥရောပကော်မရှင်က ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် Apple ကုမ္ပဏီ ဘယ်လောက်ထိခိုက်သွားနိုင်သလဲ၊ ဥရောပမှာ နည်းပညာကုမ္ပဏီကြီးတွေ နောင်ရင်းနှီးမြှုပ်နှံမယ့်အလားအလာ ဘယ်လိုရှိနိုင်သလဲဆိုတာကို မစုမြတ်မွန်က ဘလောဂါတွေပြောသမျှ အစီအစဉ်မှာတင်ပြထားပါတယ်။