Online ပေါ်မှာ ထုတ်လွှင့်ပြသတဲ့ ရုပ်သံ Video တွေကိုကြည့်သူတွေ ပိုပိုများလာနေတဲ့ အခုခေတ်မှာ Game နဲ့ဆိုင်တဲ့ Online Video channel တွေကိုကြည့်သူ သန်းနဲ့ချီ ရှိနေပါတယ်။ ပရိတ်သတ်အများကြီးရှိတဲ့ ဖျော်ဖြေရေးကဏ္ဍထဲတခုပါတဲ့ Game လုပ်ငန်းကြီးနဲ့ သူနဲ့ဆက်စပ်တဲ့ ဖျော်ဖြေ တင်ဆက်မှုတွေက Online ပေါ်မှာ ပိုပြီးတိုးတက် လာဖို့သာ ရှိတဲ့အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှမှာ တင်ဆက်ထားပါတယ်။