Computer ဖန်တီးကမ္ဘာထဲရောက်သွားသလို အမြင်အာရုံခံစားမှုကိုပေးနိုင်တဲ့ Virtual Reality နည်းပညာဟာ ရှေ့ဆက်တိုးတက်နေမယ့် နည်းပညာတခုဖြစ်တာကြောင့် ဒီနည်းပညာကို ပညာသင်ကြားရေးမှာ အသုံးချနိုင်ဖို့ ဒိန်းမတ်နိုင်ငံက နည်းပညာရှင်တွေ ကြိုးစားနေကြပါတယ်။ ဒိန်းမတ်နိုင်ငံနဲ့ ကိုက်ညီတဲ့ ပညာသင်ကြားရေးဆိုင်ရာ VR software တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် တီထွင်နိုင်ဖို့ ဆောင်ရွက်နေတဲ့အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြပါမယ်။