ဖေဖော်ဝါရီလ လ ၂၇ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ စပိန်နိုင်ငံဘာဆီလိုနာမြို့မှာ ကျင်းပခဲ့တဲ့ Mobile World Congress ပြပွဲကြီးကို မြန်မာနိုင်ငံက ICT လုပ်ငန်းရှင် တယောက်ဖြစ်တဲ့ Blue Ocean Operating Management ရဲ့ ဥက္ကဋ္ဌလဲဖြစ် အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ ကိုထွန်းထွန်းနိုင် သွားရောက်လေ့လာခဲ့ပါတယ်။ ဒီပွဲကြီးကရတဲ့ အကြံဉာဏ်တွေ နည်းပညာတွေနဲ့ မြန်မာ့လယ်ယာစိုက်ပျိုးရေး၊ ကျန်းမာရေးနဲ့ ဘဏ်လုပ်ငန်းစနစ်တွေမှာ ပြန်အသုံးချနိုင်မယ့်အကြောင်း ကိုထွန်းထွန်းနိုင်ဝေမျှထားတာကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။