Mobile application ကိုအခြေခံတဲ့ Singapore အခြေစိုက် Grab အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်း ရန်ကုန်မြို့မှာ စတင် စမ်းသပ်လုပ်နေပါပြီ။ နိုင်ငံတကာမှာ အသုံးများတဲ့ Uber ကလည်း မြန်မာနိုင်ငံမှာ မကြာခင်ဝန်ဆောင်မှုပေးနိုင်ဖို့ စီစဉ်နေပြီလို့သိရပါတယ်။ သမားရိုးကျ Taxi ငှားစီးတာနဲ့ လက်ကိုင်ဖုန်းထဲက App ကတဆင့်အငှားယာဉ်ငှားစီးရတာ ဘယ်လိုကွာခြားသလဲဆိုတာကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။