မြန်မာနိုင်ငံမှာ နည်းပညာပိုင်း စွန့်ဦးတီထွင်ချင်သူတွေကို ငွေကြေးမတည်ပေးနိုင်ဖို့ StartUp ပြိုင်ပွဲတခုကို ဖန်တီးရာရဲ့ အစီအစဉ်နဲ့ ရန်ကုန်မြို့မှာ မေလကုန်ပိုင်းက ကျင်းပခဲ့ပါတယ်။ ဝင်ပြိုင်ကြတဲ့အသင်းတွေရဲ့ ဖန်တီးနိုင်စွမ်း၊ နည်းပညာသုံးပြီး လူထုကြား ချိတ်ဆက်ချင်တဲ့အတွေးအမြင်တွေ ဘယ်လောက် ထူးထူးခြားခြား ထွက်ပေါ်ခဲ့ပါသလဲ။ ဖန်တီးရာရဲ့ Entrepreneurship Program မန်နေဂျာ ကိုထက်အာကာစိုးကို မေးမြန်းပြီး မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။