Cryptocurrency လို့ခေါ်တဲ့ Digital ငွေကြေးဟာ Online ပေါ်မှာသာ လည်ပါတ်သုံးစွဲကြတဲ့ ငွေကြေးမျိုးဖြစ်ပါတယ်။ လူသိများတဲ့ Bitcoin အပါအဝင် Digital ငွေကြေးကို လက်ခံတဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ရှိနေပါပြီ။ ဗဟိုဘဏ်တွေက တရားဝင် ထုတ်ဝေထားတာ မဟုတ်တဲ့ Digital ငွေကြေးကို သုံးစွဲသူတွေ ဘာကြောင့် ပိုများလာသလဲ။ ဘယ်လိုအားသာချက်တွေ ရှိသလဲဆိုတာကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။