ပညာရေးဌာနက ပြဌာန်းထားတဲ့ သင်ရိုးတွေကိုအခြေခံပြီး ၁၀ တန်းကျောင်းသား ကျောင်းသူတွေအတွက် ဇီဝဗေဒနဲ့ ဓါတုဗေဒပညာရပ်တွေကို Augmented Reality နည်းပညာနဲ့ လက်ကိုင်စမတ်ဖုန်းပေါ်မှာ ၃ ဖက်မြင်လေ့လာနိုင်မယ့် App တွေ မြန်မာနိုင်ငံမှာ ရှိနေပါပြီ။ 360ed ကုမ္ပဏီက တီထွင်ဖန်တီးထားတဲ့ ၁၀ တန်းနဲ့ ၁ တန်းကျောင်းသူ ကျောင်းသားတွေအတွက် ပညာရေးသင်ထောက်ကူ App ၃ မျိုး အကြောင်းကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ ပြောပြထားပါတယ်။