ဘယ်လောက်ပဲ ဝေးလံခေါင်ဖျားတဲ့နေရာမှာရှိနေကြပါစေ ကမ္ဘာပေါ်မှာရှိသမျှလူတိုင်း အင်တာနက်ချိတ်ဆက်နိုင်ဖို့ OneWeb ကုမ္ပဏီက စတင်လုပ်နေပါပြီ။ အဝတ်လျှော်စက်တလုံးလောက်သာရှိတဲ့ ဆက်သွယ်ရေး ဂြိုလ်တုအလုံး ၂ ထောင်လောက်ကို အာကာသထဲလွှတ်တင် ကွန်ယက်ဖြန့်မှာဖြစ်ပါတယ်။ ကျောင်းတွေ ဆေးရုံတွေအားလုံး အင်တာနက် ချိတ်ဆက်နိုင်ကြဖို့ရည်ရွယ်ချက်နဲ့ OneWeb ကြိုးစားနေတဲ့အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်ကနေတင်ပြပါမယ်။