စက်ရုပ်တီထွင်တဲ့နေရာမှာ ရှေ့ပြေးနေတဲ့ ဂျပန်နိုင်ငံက တရားဟောနိုင်တဲ့ စက်ရုပ်ကို တီထွင်ထားပါတယ်။ Kyoto မြို့ဘုန်းကြီးကျောင်းတခုက ကျောင်းထိုင်ဆရာတော်ရဲ့ စိတ်ကူးနဲ့ တရားဒေသနာတော်တွေကို ဟောပြော ပို့ချနိုင်သလို လူတွေနဲ့ တရားအကြောင်းအပြန်အလှန် ဆွေးနွေးနိုင်မယ့်စက်ရုပ်ကို တီထွင်ခဲ့တာပါ။ ဂျပန်က ကွမ်ရင်မယ်တော်စက်ရုပ် အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ ပြောပြပါလိမ့်မယ်။