အမေရိကန်ထဲဝင်လာသူတွေကို နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေ မှတ်တမ်းယူထားတဲ့ ဓါတ်ပုံတွေကို Hacker တွေက မကြာခင်က ခိုးယူခဲ့ပါတယ်။ ဒီလိုခိုးယူခံရလို့ အချက်အလက်လုံခြုံရေးအပေါ် မေးခွန်းထုတ်စရာ ထပ်ဖြစ်လာသလို၊ ဓါတ်ပုံမှတ်တမ်းတွေနဲ့ တိုက်စစ်တဲ့ Facial Recognition နည်းပညာရဲ့ တိကျမှုနဲ့ပါတ်သက်လို့ ဆွေးနွေးစရာတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မျက်နှာတွေကိုကြည့်ပြီး ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ ခွဲခြားနိုင်တဲ့ Facial Recognition နည်းပညာအကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ ရှင်းပြထားပါတယ်။