Facebook ကုမ္ပဏီက ထုတ်မယ်လို့ ကြေညာထားတဲ့ Libra ငွေကြေးနဲ့ပါတ်သက်လို့ ဘဏ္ဍာရေးတာဝန်ရှိသူတွေ စိုးရိမ်နေကြပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးတွေအပေါ် အစိုးရတွေရဲ့ ထိန်းချုပ်သတ်မှတ်မှု မရှိသေးချိန်မှာ Libra ဒစ်ဂျစ်တယ်ငွေကြေးကို သုံးစွဲကြမယ်ဆိုရင် ကမ္ဘာ့ဘဏ်ဏ္ဍာရေးစနစ်ကို ထိခိုက်မယ်လို့ စိုးရိမ်နေကြတဲ့အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။