Unicode:
ဂိမ်းကစားတဲ့ပုံစံကို လုံးဝအသွင်ပြောင်းလိုက်တယ်လို့ Google ကုမ္ပဏီကပြောပြီး Online ကနေ တိုက်ရိုက် ဂိမ်းတွေကို Streaming လုပ်ကစားနိုင်မယ့် Stadia ဝန်ဆောင်မှုကို စတင်နေပါပြီ။ ဂိမ်းစက်တွေ မလိုတော့ဘဲ ထိပ်တန်းအရည်အသွေးနဲ့ ဂိမ်းကစားနိုင်တော့မယ်လို့ ကြော်ငြာထားပါတယ်။ 4K TV တွေ၊ လက်ကိုင်ဖုန်းတွေပေါ်မှာ အချိန်မရွေး Streaming လုပ်ပြီး ဂိမ်းကစားနိုင်မယ်လို့ဆိုတဲ့ Stadia ဂိမ်းဝန်ဆောင်မှုရဲ့ အားသာချက် အားနည်းချက်တွေကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။