Unicode:
Microsoft နည်းပညာကုမ္ပဏီတည်ထောင်ခဲ့တဲ့ ၁၉၇၅ ခုနှစ်ထဲကစလို့ သူ့ကြောင့်လေထုထဲရောက်နေတဲ့ ကာဗွန်ဓါတ်ငွေ့အားလုံးကို ၂၀၅၀ ခုနှစ် မကုန်ခင် ဖယ်ရှားပေးမယ်လို့ Microsoft ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ ဒါဟာသိပ်ကိုကြီးမားတဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းသူတွေကပြောပြီး ကြိုဆိုနေကြပါတယ်။ ကမ္ဘာလေထုထဲကနေ ကာဗွန်ဓါတ်ငွေ့အားလုံး ရှင်းသွားအောင် ဘယ်လိုနည်းတွေနဲ့ လုပ်နိုင်ပါသလဲ။ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။