သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရပ်ဆဲလ်စ်လေဆိပ် စတိသဘော ပြန်ဖွင့်


ဘရပ်ဆဲလ် မြို့တော် လေဆိပ်ကနေ ခရီးသည်တင် လေယာဉ် တစင်း စတင်ပျံံသန်း
ဘရပ်ဆဲလ် မြို့တော် လေဆိပ်ကနေ ခရီးသည်တင် လေယာဉ် တစင်း စတင်ပျံံသန်း

လွန်ခဲ့တဲ့ သတင်း ၂ ပတ် နီးပါးက အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့တော် လေဆိပ်ကနေ ခရီးသည်တင် လေယာဉ် တစင်း စတင် ပျံသန်းပါတယ်။

ဘရပ်ဆဲလ် လေဆိပ်နဲ့ အနီးအနားက ရထားဘူတာရုံတို့ အသေခံ ဗုံးခွဲတိုက်ခိုက်ခံရမှုမှာ လူ ၃၂ ဦး သေဆုံးခဲ့ရပြီး လေဆိပ် အတွင်းက ထွက်ခွာ ခန်းမ ပျက်ဆီးခဲ့ရပါတယ်။ ပေါ်တူဂီ နိုင်ငံ Faro မြို့ကို ဦးတည် ပျံသန်းတဲ့ ဘရပ်ဆဲလ် လေကြောင်းလိုင်း လေယာဉ်ကတော့ ဒီကနေ့ တနင်္ဂနွေနေ့ ညနေခင်းမှာ ပျံသန်းဖို့ စီစဉ်ထားတဲ့ လေယာဉ် ၃ စင်းထဲက ပထမဆုံး ပျံသန်းတဲ့ လေယာဉ် ဖြစ်ပါတယ်။

ဒီခရီးစဉ်တွေက စတိ သဘော စတင်ပျံသန်းမှု အဖြစ် လေဆိပ်က သုံးနှုန်း ပြောဆိုလိုက်ပြီး လာမယ့်နေ့တွေမှာ နောက်ထပ် ခရီးစဉ်တွေ ထပ်တိုး ပျံသန်းမှာလည်း ဖြစ်ပါတယ်။ လေဆိပ် လုပ်ငန်းတွေ တစိတ်တပိုင်း ပြန်လည် စတင်မှုဟာ ကျနော်တို့ရဲ့ မျှဝေခံစားမှု၊ ခိုင်မာပြတ်သားမှုနဲ့ ကျနော်တို့ကို ကျဆုံးအောင် လုပ်လို့ မရဘူးဆိုတာကို ပြသနိုင်ဖို့ မျှော်လင့်တယ်လို့လည်း Brussels Airport Company ရဲ့ အမှုဆောင် အရာရှိချုပ် Arnaud Feist က မနေ့က ပြောဆိုခဲ့ပါတယ်။

လေဆိပ်ကို အပြည့်အ၀ ပြန်လည် လည်ပတ်နိုင်ဖို့ အတွက် လနဲ့ချီ ကြာမြင့်မယ့် ပြင်ဆင်မှုတွေကို တဖက်က လုပ်ဆောင်နေချိန်မှာ လတ်တလော လေဆိပ်ကို အသုံးပြုနိုင်ရေး အတွက် ယာယီ ပြုပြင်ထိန်းသိမ်းရေးနဲ့ လုံခြုံရေးတို့ကိုလည်း လုပ်ဆောင်သွားမယ်လို့လည်း မနေ့က ကြေညာခဲ့ပါတယ်။

XS
SM
MD
LG