ဘူရွန်ဒီနိုင်ငံဟာ စည်းမျဉ်းစည်းကမ်းတွေကို လျှော့ချပြီး စီးပွားရေးပတ်ဝန်းကျင် တိုးတက်ကောင်းမွန်အောင် အပြင်းအထန် လုပ်ဆောင်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောလိုက်ပါတယ်။
စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို လေ့လာပြီး ပြုစု ထားတဲ့ “စီးပွားရေးလုပ်ကိုင်ခြင်း ၂၀၁၃ ခုနှစ်” လို့ဆိုတဲ့ ကမ္ဘာ့ဘဏ်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာထဲမှာ အရှေ့အာဖရိက ဒေသက ဘူရွန်ဒီနိုင်ငံဟာ တိုးတက်မှုအရှိဆုံး နိုင်ငံတွေထဲ အဆင့်ငါးမှာ ရှိနေပါတယ်။ ဘူရွန်ဒီနိုင်ငံဟာ စီးပွားရေးလုပ်ငန်းတခု စပြီးထူထောင်ဖို့ စောင့်ရတဲ့အချိန်ကို လျှော့ချတာ၊ ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုမိန့်တွေပေးတာနဲ့ ပိုင်ဆိုင်ပစ္စည်း မှတ်ပုံတင် တာတွေမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် လွယ်ကူအောင် လုပ်ပေးခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဘူရွန်ဒီနိုင်ငံဆိုင်ရာမန်နေဂျာ Rachidi Radji က ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် William Eagel ရဲ့ သတင်းဆောင်းပါးကို ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
စီးပွားရေးလုပ်ငန်းတွေကို ထူထောင်ပြီး လည်ပတ် လုပ်ကိုင်ဖို့ရာမှာ အခက်အခဲ အတားအဆီးတွေ လျော့ပါးသက်သာ အောင် အစိုးရတွေရဲ့ လုပ်ဆောင်နိုင်စွမ်းပေါ် ကမ္ဘာ့ဘဏ်ရဲ့ လေ့လာချက်က စစ်ဆေး တိုင်းတာတာပါ။
အခက်အခဲတွေထဲမှာ ဆောက်လုပ်ရေးပါမစ်တွေ ချပေးတဲ့ကိစ္စ၊ ပိုင်ဆိုင်ပစ္စည်း မှတ်ပုံတင်တဲ့ကိစ္စ၊ ငွေချေးယူနိုင်ဖို့ကိစ္စ၊ ရင်းနှီးမြှုပ်နှံသူတွေကို အကာ အကွယ်ပေးတဲ့ကိစ္စ၊ အခွန်ဆောင်တဲ့ကိစ္စနဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးတွေအတွက် စီစဉ်ပေးတဲ့ကိစ္စတွေ ပါဝင်ပါတယ်။
နိုင်ငံပေါင်း ၁၈၅ နိုင်ငံကို စစ်တမ်းကောက်ယူတာမှာ ဘူရွန်ဒီနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၃ ဆင့် တိုးပြီး အဆင့် ၁၅၉ မှာ ရှိနေပါတယ်။
ကဏ္ဍသုံးရပ်မှာ တိုးတက်မှုရှိတာကို အစီရင်ခံစာမှာ ပြောထားပါတယ်။ အဲဒါတွေကတော့ စီးပွားရေးလုပ်ငန်း စတင်တာ၊ ဆောင်လုပ်ရေးပါမစ်တွေ ချပေးတာနဲ့ ပိုင်ဆိုင်ပစ္စည်း မှတ်ပုံတင်တဲ့ကဏ္ဍတွေဖြစ်ပါတယ်။
ဘူရွန်ဒီနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတခု စတင်မယ်ဆိုရင် ၈ ရက်ပဲကြာပြီး ဆာဟာရသဲကန္တာရတောင်ပိုင်းက နိုင်ငံတွေမှာ ဆိုရင် ပျှမ်းမျှခြင်း ၃၄ ရက်ကြာတာကို အစီရင်ခံစာမှာ ပြောထားပါတယ်။
ဒါပေမဲ့ အခုဆိုရင် အဲဒီထက်တောင်မှ ပိုမြန်နေပြီလို့ ဘူရွန်ဒီနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့မန်နေဂျာ Rachidi Radji က ပြောပါတယ်။
“အခိုင်အမာရှိထားပြီး လူတွေ ကောင်းကောင်းသိပြီးတော့ အသိအမှတ်ပြုကြတဲ့ကိစ္စတခုက သူတို့အခေါ်အားဖြင့် One Stop Shop ဆိုတာပါပဲ။ အဓိပ္ပါယ်ကတော့ စီးပွားရေးလုပ်ငန်းတခု စလုပ်ဖို့ အရင်တုန်းက ၂၅ ရက်ကနေ ရက် ၄၀ အထိ ကြာခဲ့တာနဲ့ နှိုှုင်းယှဉ်မယ်ဆိုရင် အခုအခါမှာ ၂၄ နာရီအတွင်း စပြီး လုပ်နိုင်နေပါပြီ။”
One Stop Shop ဝန်ဆောင်မှု လုပ်လိုက်တာကြောင့် ကုမ္ပဏီရဲ့ အထောက်အထားတွေကို နိုထရီလုပ်ရတာ၊ ကုမ္ပဏီအသစ် တွေရဲ့ သတင်းအချက်အလက်တွေကို ဂျာနယ်ထဲမှာ ထည့်သွင်းဖော်ပြရတာ၊ ကုမ္ပဏီအသစ်တွေဟာ ကုန်သွယ်ရေးနဲ့ စက်မှု လုပ်ငန်း ဝန်ကြီးဌာနမှာ မှတ်ပုံတင်ရတာ စတဲ့လိုအပ်ချက်တွေကို ပယ်ဖျက်ပေးလိုက်ပါတယ်။
စီးပွားရေးလုပ်ငန်းတခု မှတ်ပုံတင်ဖို့အတွက် အဆင့်လေးဆင့်ပဲ လုပ်ရတာကြောင့် ဆာဟာရသဲကန္တာရတောင်ပိုင်းက ကျန်တဲ့ နိုင်ငံတွေမှာ လိုအပ်တဲ့ ပျှမ်းမျှအဆင့်အရေအတွက်ရဲ့ ထက်ဝက်ပဲရှိပါတယ်။
“အရင်တုန်းကဆိုရင် တကယ့်ကို အိပ်မက်ဆိုး မက်သလိုပါပဲ။ လုပ်ငန်းအသစ်တခု စလုပ်ဖို့အတွက် သိပ်ကို ရှုပ်ထွေးလွန်းတယ်လို့ လူတွေကပြောကြပါတယ်။ ပြည်ပကုမ္ပဏီတခုအနေနဲ့ဆိုရင် ဘယ်ဝန်ကြီးဌာနကို သွားရမယ်ဆိုတာတွေ အပါအဝင် လုပ်ငန်းစဉ်တခုလုံးကို ပြီးအောင်လုပ်ဖို့ ဒေသခံ လမ်းညွှန်သူတယောက် လိုပါတယ်။ ဒီကနေ့ဆိုရင်တော့ တနေရာ ထဲမှာ တစုတစည်းထဲပြီးနိုင်ပြီး စည်းမျဉ်း စည်းကမ်းတွေကလည်း သိပ်ရှင်းပါတယ်။ မှတ်ပုံတင်ဖို့အတွက် အရင်တုန်းက ဒေါ်လာ ၂၀၀ လောက် ကုန်ခဲ့တာကနေ အခုဆိုရင် ၄၅ ဒေါ်လာလောက်ပဲ ကုန်ပါတော့တယ်။”
ရင်းနှီးမြှုပ်နှံမှုကို အတားအဆီးဖြစ်စေတဲ့ နောက်ထပ်ကိစ္စတခုကို ဆောင်ရွက်တာမှာ တိုးတက်မှုတွေ ရခဲ့တာကိုလည်း Doing Business အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
အဲဒါကတော့ ဆောက်လုပ်ရေးပါမစ်တွေ ထုတ်ပေးဖို့ ကြာမြင့်ချိန်ပါပဲ။ ကုမ္ပဏီတခုအနေနဲ့ သိုလှောင်ရုံ တည်ဆောက်တာ၊ အခြေခံ လျှပ်စစ်မီး ရေနဲ့ မိလ္လာ လိုအပ်ချက်တွေ တပ်ဆင်တာနဲ့ မှတ်ပုံတင်တာတွေအတွက် ကြာတဲ့ရက်ပေါင်းနဲ့ လိုအပ်တဲ့အဆင့်တွေကို တိုင်းတာ စစ်ဆေးကြည့်တာပါ။
ပြဿနာကိုဖြေရှင်းဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနကနေ ကင်းရှင်းကြောင်း ခွင့်ပြုချက်ယူရတဲ့အဆင့်ကို ပယ်ဖျက်၊ ဘူမိဗေဒ တိုင်းတာလေ့လာဖို့ရာ လိုအပ်တဲ့ကုန်ကျစရိတ်ကို လျှော့ချပေးပြီး ပါမစ်ရဖို့ လွယ်အောင်လုပ်ပေးခဲ့ပါတယ်။ ပါမစ်ရဖို့ လုပ်ရတဲ့အဆင့်အရေအတွက်ကို ၂၄ ဆင့်ကနေ ၂၁ ဆင့်ထိ လျှော့ချခဲ့သလို လိုအပ်တဲ့ ရက်ပမာဏကိုလည်း ၁၃၇ ရက်က နေ ၉၉ ရက်အထိ လျှော့ချခဲ့ပါတယ်။
ချေးငွေအတွက် အာမခံထားဖို့လိုအပ်တဲ့ ပိုင်ဆိုင်ပစ္စည်း မှတ်ပုံတင်တဲ့ကိစ္စကိုလည်း ပိုပြီးလွယ်ကူအောင် အစိုးရက လုပ်ပေးခဲ့ ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ပိုင်ဆိုင်ပစ္စည်းမှတ်ပုံတင်ဖို့ အရင်က ၉၄ ရက် ကြာခဲ့ပေမဲ့ အခုဆို ၆၄ ရက်ပဲ ကြာပါတော့ တယ်။
ပိုင်ဆိုင်ပစ္စည်းလွှဲပြောင်းတဲ့ လုပ်ငန်းစဉ်အပေါ် ရက်အကန့်အသတ်ကို အသစ် သတ်မှတ်လိုက်တာကြောင့်လည်း လွှဲပြောင်းဖို့ ပိုပြီးလွယ်ကူသွားတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
ဘူရွန်ဒီ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဆိုင်ရာအစီအစဉ်နဲ့အတူ ပြုပြင်ပြောင်းလဲရေးဆိုင်ရာတွေကို ကမ္ဘာ့ဘဏ်က ကူညီ လုပ်ဆောင် ပေးနေပါတယ်။ အဲဒီအစီအစဉ်ဟာ စီးပွားရေးအသိုက်အဝန်းရဲ့ လိုအပ်ချက်တွေကို ပြည့်မီဖို့နဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် အခွန်ကောက်ခံတာတွေကို ရိုးရှင်းလွယ်ကူစေဖို့ အစိုးရနဲ့ လက်တွဲလုပ်ဆောင်နေတာပါ။ ဒါ့အပြင် ရဝမ်ဒါ၊ ယူဂန်ဒါ၊ ကင်ညာနဲ့ တန်ဇန်းနီးယားနိုင်ငံတွေပါဝင်တဲ့ အရှေ့အာဖရိကအဝန်းအဝိုင်းနဲ့ ဘူရွန်ဒီနိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ဟန်ချက်ညီစေဖို့လည်း ကူညီလုပ်ဆောင်ပေးနေပါတယ်။
“ဘူရွန်ဒီဟာ တကယ့်ကို နိုင်ငံငယ်လေးတခုပါ။ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တခုတည်းသောနည်းလမ်းက အတော်လေးကြီးမားတဲ့ ဈေးကွက်ဖြစ်တဲ့ အရှေ့အာဖရိကအဝန်းအဝိုင်းနဲ့ စတင်ပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်ဖို့ပဲဖြစ်ပါတယ်။ အဲဒီကနေပြီး နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ တခြားသဘောတူညီချက်တွေမှာ ပါဝင်ခြင်းအားဖြင့် အကျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ တိုးတက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အခြေခံတွေကို ချမှတ်ရေးပေါ် ပထမဆုံး အာရုံစိုက်နေရပါ တယ်။ အဲဒါပြီးတော့မှ ဒေသတွင်းမှာ ချိတ်ဆက်၊ နောက် ပိုပြီးကျယ်ပြန့်တဲ့ နိုင်ငံတကာ အခွင့်အလန်းတွေကို ရှာဖွေဖို့ ဖြစ်ပါတယ်။”
ဘူရွန်ဒီနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကြိုးပမ်းချက်တွေအပေါ် သုံးသပ်ချက်အားလုံးက အပေါင်းလက္ခဏာဆောင်တာ တော့မဟုတ်ပါဘူး။
အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်ရင် နိုင်ငံတကာ အကျင့်ပျက်ခြစားမှု စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အညွှန်းကိန်းက ဘူရွန်ဒီ နိုင်ငံကို နိုင်ငံပေါင်း ၁၇၄ နိုင်ငံထဲ အောက်ဆုံးနီးပါးအဆင့်မှာ သတ်မှတ်ထားပါတယ်။
ဘူရွန်ဒီသမ္မတဟာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက် သူ့မဟာဗျူဟာရဲ့ တစိတ်တပိုင်း အဖြစ် ဦးဆောင် လုပ်ကိုင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၂ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဆိုင်ရာ ထုတ်ပြန်ချက်က ပြောထားပါတယ်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့၊ အကျင့်ပျက်ခြစားမှုဆိုင်ရာ တရားခုံရုံးနဲ့ စာရင်းစစ်များဆိုင်ရာ တရားရုံးဆိုပြီး အဖွဲ့အစည်းသုံးခုကို သမ္မတက ထူထောင်ထားပါတယ်။
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နဲ့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးဆိုင်ရာ OECD သဘောတူစာချုပ်တွေကို ဘူရွန်ဒီနိုင်ငံက လက်မှတ်ရေးထိုးထားသလို အရှေ့အာဖရိက အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့မှာလည်း ပါဝင်နေပါတယ်။
ဒါပေမဲ့လည်း အရပ်ဘက်ဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့တွေအတွက် အထောက်အပံ့ရရှိမှုနည်းပါးတာက အကျင့်ပျက်ခြစားတာကို တားဆီးဟန့်တားတဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို အသက်ဝင်အောင် မလုပ်နိုင်သလောက်ပဲလို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အစိုးရရဲ့အစီအစဉ် ဘယ်လောက်ထိ အောင်မြင်မယ်ဆိုတာကို ပြောဖို့က စောလွန်းသေး တယ်လို့လည်းဆိုပါတယ်။
ဒါပေမဲ့လည်း လက်မှတ်ရေးထိုးထားတဲ့ ဘယ်လို သဘောတူညီချက်မျိုးနဲ့ပဲဖြစ်ဖြစ် ဘူရွန်ဒီအစိုးရကို စောဒကတက်တိုင်ကြား တဲ့ နိုင်ငံခြားကုမ္ပဏီ မရှိသေးပါဘူးလို့ ပြောပါတယ်။
ဒါ့အပြင် ဘယ် အမေရိကန်ကုမ္ပဏီကမှ အကျင့်ပျက်ခြစားမှုဟာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံဖို့ရာအတွက် အတားအဆီးတခု ဖြစ်နေတယ်လို့ ပြောတာမျိုး မရှိသေးဘူးလို့ အမေရိကန်နိုင်ငံခြားရေး ဌာနက ပြောပါတယ်ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အစီအစဉ်ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။