သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Burundi ရွေးကောက်ပွဲ အတိုက်အခံသပိတ်မှောက်


Burundi နိုင်ငံအတွင်း အငြင်းပွားစရာရွေးကောက်ပွဲအတွင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့သူတဦး။ (ဇွန် ၂၈၊ ၂၀၁၅။)
Burundi နိုင်ငံအတွင်း အငြင်းပွားစရာရွေးကောက်ပွဲအတွင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့သူတဦး။ (ဇွန် ၂၈၊ ၂၀၁၅။)

ဘူရွန်ဒီနိုင်ငံမှာ အငြင်းပွားစရာရွေးကောက်ပွဲမတိုင်မှီ တင်းမာမှုတွေဖြစ်နေတာနဲ့ အမျှ မြို့တော်ဘူဂျွန်ဘူရာမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် နှစ်ယောက်ထက်မနည်းသေဆုံးသွားတယ်လို့ မျက်မြင်သက်သေတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဘူရွန်ဒီသမ္မတက တတိယသက်တမ်းဝင်ရောက်အရွေးခံတာကို ကန့်ကွက်တဲ့အနေနဲ့ အတိုက်အခံပါတီတွေဟာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

အတိုက်အခံအဖွဲ့တွေအနေနဲ့ တနင်္လာနေ့မှာ ကျင်းပမယ့် ပါလီမန်ရွေးကောက်ပွဲ နဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲတွေဟာ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်နိုင်ခြေမရှိတာကြောင့် အဲဒီရွေးကောက်ပွဲတွေကို သပိတ်မှောက်သွားမယ်လို့ ပြောလိုက်ပါတယ်။

တချိန်တည်းမှာပဲ ဘူရွန်ဒီနိုင်ငံမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေကြောင့် သူ့အနေနဲ့ ဘယ်ဂျီယံနိုင်ငံကို ထွက်ပြေးသွားပြီလို့ပါလီမန်ဥက္ကဋ္ဌ Pie Ntavyohanyuma ပြောလိုက်ပါတယ်။ ဒါ့အပြင် သမ္မတက ထပ်ပြီး အရွေးခံဖို့ဆုံးဖြတ်တာကို ဆန့်ကျင်ခဲ့တဲ့အတွက် သူ့အနေနဲ့ လုပ်ကြံခံရမှာ ကြောက်တယ်လို့ ပြောလိုက်ပါတယ်။

ဒု-လက်ထောက်သမ္မတ Gervais Rufyikiri၊ ရွေးကောက်ပွဲကော်မရှင် နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရဲ့ အဖွဲ့ဝင်တွေ အပါအဝင် ထိပ်တန်းတာဝန်ရှိသူအတော်များများလည်း အလာတူးစိုးရိမ်မှုတွေကြောင့် ဘူရွန်ဒီနိုင်ငံကနေ ထွက်ပြေးခဲ့ကြပါတယ်။

XS
SM
MD
LG