သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Burundi သမ္မတ တိုင်းပြည်ပြန်ရောက်ကြောင်း သမ္မတရုံး ကြေညာ


Tanzania လေဆိပ်တွင် တွေ့ရသည့် Burundi သမ္မတ Pierre Nkurunziza (အလယ်) (မေ ၁၃၊ ၂၀၁၅)
Tanzania လေဆိပ်တွင် တွေ့ရသည့် Burundi သမ္မတ Pierre Nkurunziza (အလယ်) (မေ ၁၃၊ ၂၀၁၅)

Burundi သမ္မတ Pierre Nkurunziza ဟာ တိုင်းပြည်အတွင်း ပြန်ရောက် လာပြီဖြစ်ပြီး သူ တန်ဇန်းနီးယားနိုင်ငံမှာ ရှိနေစဉ်က အာဏာသိမ်းဖို့ ကြိုးစားမှုဟာလည်း မအောင်မြင်ခဲ့ဘူး လို့ သမ္မတရုံးက ပြောပါတယ်။ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ Burundi ပြည်သူ ပြည်သားတွေ ကို သမ္မတ Nkurunziza က ကြာသပတေးနေ့မှာ ချီးကျူး ပြောကြားခဲ့တယ်လို့လည်း သမ္မတရုံးက ပြောပါတယ်။ အာဏာသိမ်း ခေါင်းဆောင်တွေကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေက သူတို့ကို လိုက်လံ ရှာဖွေနေတယ်လို့ ဆိုပါတယ်။

သမ္မတ အနေနဲ့ Burundi နိုင်ငံအတွင်းကို ပြန်ရောက်သွားပြီလားဆိုတာနဲ့ တိုင်းပြည် အတွင်း အတိအကျ ဘာတွေ ဖြစ်နေတယ်ဆိုတာကို အတည်ပြုလို့ မရနိုင်သေး ပဲ ဖြစ်နေပါတယ်။ ပြိုင်ဖက် စစ်တပ် တပ်ဖွဲ့ဝင်တွေဟာ ကြာသပတေးနေ့ အထိ မြို့တော် Bujumbura ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း အဖွဲ့ကို ထောက်ခံတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ သမ္မတအပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေအကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေဟာ အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဌာန အဆောက်အဦးနားထိ ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။

သမ္မတအပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေဟာ အသံလွှင့်ရုံကို ထိန်းချုပ်ထားကြဆဲဖြစ်ပြီး အာဏာသိမ်းမှုကို ထောက်ခံတဲ့ တပ်ဖွဲ့တွေဟာ အဲဒီကနေ ပြန်လည် ဆုတ်ခွာ လာကြပြီလို့ စစ်အာဏာသိမ်းမှုအဖွဲ့က ပြောခွင့်ရက ဗွီအိုအေ ဗဟိုအာဖရိက ဌာနကို ပြောပါတယ်။

XS
SM
MD
LG