သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တော်ဝင် Burundi သမ္မတ လုံခြုံရေးကို ကျေးဇူးတင်


Burundi သမ္မတ Pierre Nkurunziza ကို ထောက်ခံသူများ။ (မေ ၁၅၊ ၂၀၁၅)
Burundi သမ္မတ Pierre Nkurunziza ကို ထောက်ခံသူများ။ (မေ ၁၅၊ ၂၀၁၅)

ဘူရွန်ဒီနိုင်ငံမှာ အာဏာသိမ်းပွဲကို တားဆီးခဲ့တဲ့အတွက် သမ္မတ Pierre Nkurunziza က သူ့ရဲ့လုံခြုံရေးတပ်ဖွဲ့ကို ကျေးဇူးတင် စကားဆိုပါတယ်။သမ္မတ Nkurunziza ဟာ သောကြာနေ့ကပြောတဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ အဲဒီလို ကျေးဇူးတင် စကား ထည့်ပြောသွားတာပါ။ သူဟာ မော်တော်ယာဉ်တန်းနဲ့ Bujumbura ြမို့တော်ထဲ ပြန်ဝင် လာချိန်မှာ ထောင်ပေါင်း များစွာသော ထောက်ခံသူတွေ က လမ်းတွေတလျှောက် တန်းစီပြီး အော်ဟစ် အားပေးခဲ့ကြပါတယ်။

တတိယအကြိမ် သမ္မတသက်တမ်းဆက်လုပ်ဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက် ဆန္ဒပြနေတာတွေ ရပ်ပစ်ဖို့လဲ ဆန္ဒပြသူတွေကို သူက သတိပေးခဲ့ပါတယ်။ အခုဆိုရင် တိုင်းပြည် ငြိမ်းချမ်းနေပြီဖြစ်ပြီး ဆူပူ အကြမ်းဖက်ချင် သူတွေ အောင်မြင်မှာ မဟုတ်ဘူးလို့လဲ သူကပြောပါတယ်။

ပြိုင်ဘက်စစ်တပ်တွေအကြား နှစ်ရက်ကြာ တိုက်ခိုက်ကြပြီး တဲ့နောက် သောကြာနေ့ကတော့ မြို့တော်မှာ အခြေအနေ အတော် လေး တည်ငြိမ်နေပါတယ်။ ဒါပေမဲ့ တတိယသက်တမ်း ဆက်လုပ်မယ်ဆိုတဲ့ သမ္မတရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်သူတွေကတော့ နောက်ထပ် ဆန္ဒပြပွဲတွေလုပ်ဖို့ နှိုးဆော်ထားပါတယ်။

မစ္စတာ Nkurunziza အနေနဲ့ တတိယအကြိမ် သမ္မတသက်တမ်း ဆက်မလုပ်သင့်ဘူးလို့ အမေရိကန်ပြည်ထောင်စုက သောကြာ နေ့မှာပြောပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ တိုင်းပြည်မတည်မငြိမ်ဖြစ်စေမယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Linda Thomas-Greenfield ကဗွီအိုအေကိုပြောပါတယ်။

XS
SM
MD
LG