သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် ကားတိုက်မှု လူ ၄၂ဦး ထက် မနည်း သေဆုံး

ပြင်သစ်က ဘတ်စ်ကားနဲ့ ထရပ်ကား တိုက်မိတဲ့ ဖြစ်ရပ်။ (အောက်တိုဘာ ၂၃၊ ၂၀၁၅)
ပြင်သစ်က ဘတ်စ်ကားနဲ့ ထရပ်ကား တိုက်မိတဲ့ ဖြစ်ရပ်။ (အောက်တိုဘာ ၂၃၊ ၂၀၁၅)

ပြင်သစ်နိုင်ငံ Bordeaux မြို့အနီးမှာ ယာဉ်မတော်တဆမှုကြောင့် ပင်စင်စားအများစု အပါအဝင် လူ ၄၂ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ခန့်မှန်း ထားကြပါတယ်။ ဘတ်စ်ကားနဲ့ ထရပ်ကား တိုက်မိတဲ့ ဖြစ်ရပ်ဟာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး မတော်တဆမှုလည်း ဖြစ်နိုင်ပါတယ်။

Puisseguin ကျေးရွာအနီး လမ်းပေါ်က တတောင်ဆစ်ကွေ့တခုမှာ ခရီးသည်တွေ အပြည့်ပါလာတဲ့ ဘတ်စ်ကားကို ထရပ်ကား တစင်းက ဝင်တိုက်မိရာက ကား ၂ စင်းစလုံး မီးလောင် ပေါက်ကွဲခဲ့တဲ့အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်နေတဲ့ ဘတ်စ်ကားထဲက လွတ်မြောက်လာသူ ၈ ဦး ရှိပြီး၊ ဒီအထဲက ၄ ယောက်ကတော့ ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။

ဘတ်စ်ကား ယာဉ်မောင်းက ကားတံခါးကို ဖွင့်ပေးနိုင်တဲ့အတွက် ပြင်းထန်တဲ့ ကားတိုက်မှု ကနေ အသက်မသေ လွတ်မြောက် လာနိုင်ခဲ့ကြတာ လို့
လည်း Puisseguin မြို့တော်ဝန် က ပြောပါတယ်။ ထရပ်ကားမောင်းသမားကတော့ အကွေ့မှာ အရှိန်မထိန်းနိုင်ပဲ ဖြစ်ခဲ့တယ်လို့လည်း မြို့တော်ဝန်က ပြောပါတယ်။

မတော်တဆမှုမှာ ထိခိုက်သေဆုံးသူတွေ ထဲမှာတော့ လူဦးရေ ၆၅၀ လောက်ရှိတဲ့ Petit Palais ကျေးရွာကို တနေ့တာ ခရီးထွက်ခဲ့ကြတဲ့ ပင်စင်စား အသင်းဝင်တွေ ပါဝင်ခဲ့ကြတာပါ။ ဂရိနိုင်ငံကို ခရီးသွားနေတဲ့ ပြင်သစ်သမ္မတ Francois Hollande ကတာ့ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးဖို့နဲ့ ကြေကွဲဖွယ်ရာ အဖြစ်အပျက်ကို ကိုင်တွယ်ဖို့ အစိုးရက အပြည့်အ၀ ဆောင်ရွက်နေတယ်လို့လည်း ပြောဆိုခဲ့တာပါ။

Bordeaux မြို့အရှေ့ဖက် ကီလိုမီတာ ၅၀ လောက် အကွာက မတော်တဆမှုဖြစ်ရာ နေရာကိုတော့ ပြင်သစ်ဝန်ကြီးချုပ် Manuel Valls ပြည်ထဲရေးဝန်ကြီး Bernard Cazaneuve နဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး Alain Vidal တို့လည်း သွားရောက်ခဲ့ကြတာပါ။

ပြင်သစ်နိုင်ငံ အရှေ့ပိုင်းမှာ ကလေးငယ် ၄၄ ယောက် အပါအဝင် လူပေါင်း ၅၃ ယောက် သေဆုံးခဲ့တဲ့ ၁၉၈၂ ခုနှစ်တုန်းက ဘတ်စ်ကားမတော်တဆမှုပြီးရင် အခုဖြစ်ရပ်ဟာ အဆိုးဆုံး ယာဉ်မတော်တဆမှုလည်း ဖြစ်နိုင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG