သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Bush Sr. ဆေးရုံမှာ ကုသမှုခံယူ


အမေရိကန်သမ္မတဟောင်း George H.W. Bush ဟာ အသက်ရှုလမ်းကြောင်းမှာ ဆေးကုသမှု ခံယူခဲ့ရပြီးနောက် - Texas ပြည်နယ် ဟူစတန်မြို့က ဆေးရုံမှာ အတွင်းလူနာအဖြစ်နဲ့ သက်တောင့်သက်သာ အနားယူနေတယ်လို့ မိသားစုရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Jim McGrath က ပြောဆိုလိုက်ပါတယ်။ သမ္မတဟောင်း Bush ရဲ့ ကျန်းမာရေးအခြေအနေဟာ တည်တည်ငြိမ်ငြိမ် ရှိနေပြီး၊ စောင့်ကြည့်စစ်ဆေးဖို့ အတွင်းလူနာ အဖြစ်နဲ့ ဆေးရုံမှာ နေရဦးမယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

သမ္မတကတော်ဟောင်း Barbara Bush ဟာလည်း - ပင်ပန်းနွမ်းနယ်ပြီး ချောင်းဆိုးတာကြောင့် ကြိုတင်သတိထားတဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့က အဲဒီဆေးရုံမှာပဲ ဆေးရုံတင်ခဲ့ရသေးတယ်လို့လည်း McGrath က ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ၄၁ ယောက်မြောက် သမ္မတဖြစ်ခဲ့သူ Bush ဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းက အမောဖောက်လာပြီးနောက် ဆေးရုံတင်ခဲ့ ရတာ ဖြစ်ပါတယ်။ အသက် ၉၂ အရွယ် သမ္မတဟောင်း Bush ဟာ အဆုတ်အအေးမိဝေဒနာကို ခံစားရတာကနေ အသက်ရှုလမ်းကြောင်းမှာ ကျန်းမာရေးပြဿနာကြုံပြီး၊ အခုနောက်ဆုံး ကုသမှုမှာ မေ့ဆေးသုံးခဲ့ရတယ်လို့လည်း မိသားစု ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။ ရာထူးကနေ အနားယူတော့မယ့် သမ္မတ ဘရက်ခ် အိုဘားမား က သူ့ရဲ့ နောက်ဆုံးအကြိမ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Bush မိသားစုနဲ့ အဆက်အသွယ် မပြတ်တဲ့အကြောင်း ပြောဆိုသွားခဲ့ပါတယ်။

သမ္မတဟောင်း George H.W. Bush နဲ့ သမ္မတကတော်ဟောင်း Barbara Bush တို့ဟာ တိုင်းပြည်အတွက် သူတို့ဘဝတွေကို မြှုပ်နှံထားကြရုံ သာမက - ကုန်လွန်ခဲ့တဲ့နှစ်တွေအတွင်း သူနဲ့အတူ သမ္မတကတော် မီရှဲ အိုဘားမားတို့အတွက် မိတ်ဆွေကောင်း၊ တိုင်ပင်ဖော် တိုင်ပင်ဖက်တွေဖြစ် ခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ သမ္မတဟောင်းနဲ့ သမ္မတကတော်ဟောင်းတို့ ကျန်းမာချမ်းသာစေဖို့ ဆုတောင်းကြောင်းလည်း ဗုဒ္ဓဟူးနေ့က နောက်ဆုံးအကြိမ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက ပြောဆိုသွားခဲ့ပါတယ်ရှင်။

သမ္မတဟောင်း Bush Sr. ဆေးရုံမှာ ကုသမှုခံယူ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG