သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Facebook ေပၚက အေရာင္းအ၀ယ္


(Zawgyi / Unicode)

စီးပြားေရး လုပ္ငန္းေတြ ပံုမွန္ မလည္ပတ္ႏုိင္တဲ႔ ကပ္ေဘးကာလ အတြင္း စီးပြားေရး လုပ္ငန္းရွင္ အေတာ္မ်ားမ်ား က လူမႈကြန္ယက္ Facebook ေပၚက တိုက္ရိုက္လႊင့္ ေရာင္းခ်မႈကို ခပ္ျမန္ျမန္ ေျပာင္းလဲလာေနၾကပါတယ္။ ဒီအေျပာင္းအလဲက ကပ္ေဘးအလြန္ စီးပြားေရး လုပ္ငန္း အခင္းအက်င္းေတြ ေစ်းကြက္ေတြ အထိ ေျပာင္းလဲသြားႏုိင္ပါသလားဆိုတာကို ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ စုစည္းတင္ျပထားပါတယ္။

ကပ္ေဘး ကာလ Facebook လူမႈကြန္ရက္ သံုးၿပီး တိုက္ရိုက္လႊင့္ ေရာင္းခ်ေနၾကတဲ႔ အထဲမွာ သိန္းရာ ေထာင္ခ်ီ အေရာင္းအ၀ယ္ ျဖစ္ေနတယ္လို႔ ဆိုၾကတဲ႔၊ ေငြပိုမွ ၀ယ္ၾကေလ႔ ရွိတဲ႔ လက္၀တ္ရတနာ ေစ်းကြက္ အေတာ္ေလး ထင္သာ ျမင္သာ ေတြ႔လာရပါတယ္။

“ ပ်မ္းမွ် သေဘာျဖင့္ ေျပာမယ္ ဆိုရင္ေတာ့ အခုဟာ ရတနာ လုပ္ငန္း ေကာင္းတယ္ဆိုရင္ ျမန္မာျပည္မွာ စီးပြားေရး လုပ္ငန္းက အဆင္ေျပတယ္လို႔ ေျပာလို႔ ရတယ္ေပါ့ေနာ္။ တျခား လုပ္ငန္းေတြလည္း ေကာင္းေနလို႔သာ ရတနာ ၀ယ္ႏုိင္တာေပါ့ေနာ္။ အဲဒီ သေဘာကိုလည္း တြက္ဆလို႔လည္း ရပါတယ္ရွင့္။ ”

မႏၱေလး အေျခစိုက္ သဇင္ပန္း စိန္ေရႊရတနာဆိုင္ရွင္ ေဒၚစုမြန္တိုးပါ။ သူကေတာ့ Facebook ကေန လက္၀တ္ရတနာေတြ စေရာင္းတာ သတင္း ၂ ပတ္ေလာက္ဘဲ ရွိေသးေပမယ့္ ဆိုင္ဖြင့္တာထက္ေတာင္မွ အေရာင္းသြက္တယ္လို႔ ဆိုပါတယ္။

“ က်မတို႔ ေရာင္းတဲ႔ ပစၥည္းေတြဆိုရင္ အခု ၂၀၀-၃၀၀ ေလာက္ကို ေရာက္သြားၿပီေပါ့။ ၂ ပတ္ အတြင္းမွာဘဲ ဒီလ အတြင္းမွာဘဲ ပစၥည္း အခုေရ ၂၀၀-၃၀၀ ေလာက္ထိ ေရာင္းေနရပါတယ္။ ေနာက္တခုက ဒီလိုမ်ိဳး ေသာင္းဂဏန္းေလးေတြဘဲ အရင္ ေရာင္းတဲ႔ အခါမွာ က်မတို႔မွာ အျမတ္ အားျဖင့္ေတာ့ နည္းပါတယ္။ ဒါေပမယ့္ အၿမဲတမ္း အလုပ္ျဖစ္ေနေတာ့ ကိုယ့္ရဲ႕ ပန္းတိမ္ ဆရာေတြကို အလုပ္ေပးႏုိင္တယ္။ ေနာက္တခုက ကိုယ့္ရဲ႕ ေက်ာက္ေသြး ဆရာေတြ အလုပ္ရတယ္။ ကိုယ့္ဆီကို အၿမဲတမ္းသြင္းေနတဲ႔ ေက်ာက္ အေရာင္းအ၀ယ္ လုပ္တဲ႔ လူငယ္ေတြ အလုပ္ရတယ္။ ”

Facebook မွာ ႏုိင္ငံေက်ာ္ ရုပ္ရွင္မင္းသမီး အကယ္ဒမီ ထက္ထက္မိုးဦးရဲ႕ လက္၀တ္ရတနာ တင္ဆက္ ေရာင္းခ်မႈဟာဆိုရင္လည္း ေက်ာက္မ်က္ ရတနာ လုပ္ငန္းႀကီး တခုလံုး အတြက္ အက်ိဳးရွိေစတာလို႔လည္း မဆုမြန္တိုးက ေျပာပါတယ္။ ေက်ာက္မ်က္ ရတနာ လုပ္ငန္းမွာ အေရာင္းအ၀ယ္ တက္လာတာေၾကာင့္ ဒီ လုပ္ငန္း နယ္ပယ္ထဲက လူေတြလည္း ကပ္ေဘးကာလ အတြင္း အလုပ္အကိုင္ ရေစတာ ျဖစ္ပါတယ္။

လက္၀တ္ရတနာ တခုတည္းတင္ မဟုတ္ပါဘူး။ စားေသာက္ကုန္ လုပ္ငန္းေတြ၊ အခ်က္အျပဳတ္ လက္ရာ ေကာင္းသူေတြရဲ႕ တပိုင္တႏုိင္ ခ်က္ျပဳတ္ ေရာင္းခ်မႈေတြဟာလည္း Facebook ေပၚမွာ ခပ္စိပ္စိပ္ ေတြ႔လာရပါတယ္။ ကပ္ေဘး မတိုင္ခင္ ကတည္းက Facebook လူမႈကြန္ရက္မွာ လက္လီ ေရာင္းခ်သူေတြ ရွိခဲ႔တာပါ။ အခု ကပ္ေဘး ကာလမွာ ပံုမွန္ အျပင္ထြက္ သြားလာလို႔ မရတဲ႔ မသင့္တဲ႔ အေျခအေနမ်ိဳးမွာ ျမန္မာ လူထုၾကား အတြင္က်ယ္ဆံုး သံုးတဲ႔ လူမႈကြန္ရက္ Facebook ေပၚကေန စမ္းသပ္ ေရာင္းခ်မႈကေန ေစ်းကြက္လည္း ပိုၿပီး က်ယ္ျပန္႔လာပါတယ္။ ေဒၚဆုမြန္တိုးက အခုလို ဆက္ေျပာပါတယ္။

“ ပန္တိမ္ဆရာ တေယာက္ကို မွီခိုတဲ႔ မိသားစု ၃ ေယာက္ အနည္းဆံုး ရွိတယ္ေပါ့ေနာ္။ ပန္တိမ္ ဆရာ တေယာက္ကို မွီခိုတဲ႔ မိသားစု ၃ ေယာက္ ရွိတယ္ဆိုေတာ့ က်မနဲ႔ လက္တြဲၿပီး အလုပ္လုပ္ေနတဲ႔ ပန္တိမ္ ဆရာ ၆ ေယာက္ ရွိတယ္။ သူတို႔ ေနာက္မွာ မွီခိုတဲ႔ မိသားစု အေယာက္ ၂၀ ေလာက္ ရွိတယ္။ က်မ ေရာင္းရတယ္ဆုိရင္ သူတို႔ အေယာက္ ၂၀ ေျပလည္တာေပါ့ေနာ္။ ”

“ ေနာက္တခုက ေက်ာက္ေတြ၊ အထဲမွာ ထည့္တဲ႔ ေက်ာက္ေတြကလည္း မုိးကုတ္မွာ ေက်ာက္ေသြးတဲ႔သူေတြ အဆင္ေျပတယ္။ ေက်ာက္ေရာင္းတဲ႔ ပြဲစားေတြ အဆင္ေျပတယ္။ ေက်ာက္ေရာင္းတဲ႔ ပြဲစားေတြ အဆင္ေျပတယ္။ ပိုင္ရွင္ေတြ အဆင္ေျပတယ္။ ၀ယ္ရတဲ႔ လူေတြ အဆင္ေျပတယ္ေပါ့ေနာ္။ ”

“ အမ ေျပာသလိုေပါ့ အင္တာနက္ Facebook မွာ ထက္ထက္မိုးဦးတို႔ Live လႊင့္ၿပီး ေရာင္းတဲ႔ အခါမွာ သူေရာင္းတဲ႔ ဆိုင္ေတြ အလုပ္ျဖစ္ရံုတင္ မကဘူး ထက္ထက္မိုးဦးနဲ႔ မေရာင္းႏုိင္တဲ႔ ဆိုင္ေတြလည္း အလုပ္ျဖစ္ၾကပါတယ္။ မိုးကုတ္မွာ ရွိတဲ႔ ေက်ာက္ေသြးတဲ႔သူေတြလည္း အလုပ္ျဖစ္ၾကတယ္။ ေျပာရမယ္ဆိုရင္ တႏုိင္ငံလံုး လႊမ္းမိုးသြားတာပါဘဲ။ ဟိုဆုိင္က သူလႊင့္ၿပီးေတာ့ ေရာင္းေပးသြားတဲ႔ ဘာအေရာင္ေလး ဘာေက်ာက္ေလး။ ေရာင္စံု ေက်ာက္ေလးေတြ လူေတြ သိလာတယ္။ မိုးကုတ္ ေက်ာက္ေလးေတြ လူေတြ ပိုၿပီး သေဘာက်လာတယ္ ၀ယ္လာၾကတယ္ေပါ့ေနာ္။ ”

ကပ္ေဘး မတိုင္ခင္က ပံုမွန္ လည္ပတ္ ေနတဲ႔ အေရာင္းအ၀ယ္ ေစ်းကြက္၊ ကုန္ပစၥည္း ျဖန္႔ခ်ိမႈ ေစ်းကြက္က ကပ္ေဘး အလြန္မွာ ေျပာင္းလဲလာႏုိင္ပါၿပီလား ဘယ္သူေတြ ျပင္ဆင္ထားၾကဖို႔ လိုၿပီလဲ ဆိုတာကိုလည္း မႏၱေလးမွာ ရံုးစိုက္ၿပီး အထက္ျမန္မာျပည္ တ၀န္းကို ကုန္ပစၥည္း လက္ကားျဖန္႔ျဖဴးေရး လုပ္ငန္းႀကီး ျဖစ္တဲ႔ UMT Trading Company Ltd. ရဲ႕ ဒါရိုက္တာ ဦးေက်ာ္မင္းသိန္းကို ေမးၾကည့္ပါတယ္။

“ ဥပမာ ေျပာရရင္ အခု ျမန္မာျပည္မွာ Macro ဆိုၿပီးေတာ့ ေရာက္လာတယ္။ အဲလိုမ်ိဳး ႏုိင္ငံတကာ ကုမၸဏီေတြ ဆုိလို႔ ရွိရင္ေတာ့ သူတို႔ဆီမွာ ရင္းႏွီးျမွဳပ္ႏွံမႈ ပါလာတဲ႔ အတြက္ အရမ္းႀကီး ဂရုစိုက္စရာ မလုိဘူးေပါ့ေနာ္။ က်ေနာ္တို႔ ျပည္တြင္း ကုန္သည္ေတြ က်ေတာ့ ျဖန္႔ခ်ိေရး သမားေတြက်ေတာ့ က်ေနာ္တို႔မွာ အဓိက ေနာက္ခံ ရင္းႏွီးျမွဳပ္ႏွံမႈ မရွိတဲ႔ အတြက္ ဒီလိုမ်ိဳး သြားၿပီး ရင္းႏွီးျမွဳပ္ႏွံမယ္ ဆိိုလို႔ ရွိရင္ တျခား ေနရာမွာ ရင္းႏွီးျမွဳပ္ႏွံလို႔ ရတာနဲ႔ ဒီ နည္းပညာပိုင္းကို သြားၿပီး ရင္းႏွီးျမွဳပ္ႏွံမယ္ဆိုလို႔ ရွိရင္ က်ေနာ္ ထင္တာက နည္းပညာပိုင္းက နည္းနည္း လိုေသးတယ္။ အခ်ိန္ လိုေသးတယ္လို႔ ယူဆတယ္။ ”

“ ဒါေပမယ့္ က်ေနာ္တို႔က အလွကုန္တို႔၊ တျခား ပရိေဘာဂ လုပ္ငန္းတို႔ ၊ လူသံုးကုန္ ေဆးပစၥည္း လုပ္ငန္း က႑ေတြ အတြက္ေတာ့ သူတို႔ရဲ႕ ကုန္ပမာဏက အဲေလာက္ႀကီး မမ်ားတဲ႔ အတြက္ သူတို႔ ဆိုရင္ေတာ့ ဒီ Apps ေဆာက္တာေတြ၊ Website ေရးတာေတြ၊ Channel ေတြ အမ်ိဳးမ်ိဳးေပါ့ တျခား Channel ေတြလည္း အမ်ားႀကီး ရွိပါတယ္။ သူတို႔ အေနနဲ႔ စၿပီး တည္ေဆာက္ထားသင့္တယ္။ ႀကိဳၿပီး လုပ္ထားသင့္တယ္ေပါ့။ ”

အဲဒီေတာ့ ျမန္မာႏုိင္ငံတြင္းက ၀န္ေဆာင္မႈ ကုန္ထုတ္လုပ္မႈ လုပ္ငန္းေတြ အေနနဲ႔ အြန္လိုင္းေပၚက အေရာင္းအ၀ယ္ တြင္တြင္က်ယ္က်ယ္ လုပ္ႏို္ငေအာင္ နည္းပညာပိုင္းဆိုင္ရာ ျပင္ဆင္ထားသင့္တဲ႔ အေနအထားမ်ိဳးပါလား - UMT Trading Company Ltd. ရဲ႕ ဒါရိုက္တာ ဦးေက်ာ္မင္းသိန္း ကေတာ့ အခုလို သံုးသပ္ပါတယ္။

“ အခုဟာက က်ေနာ္တို႔ ျမန္မာျပည္ အေနအထား အရ ဆိုရင္ေတာ့ ၁၀၀ ရာခိုင္ႏႈန္းမွာ ၉၀ ရာခိုင္ႏႈန္း အထက္က Facebook ေပၚမွာဘဲ အေရာင္းအ၀ယ္ လုပ္ေနၾကတာေပါ့ေနာ္။ က်ေနာ္တို႔ အေနအထားအရ လက္ရွိ အေနအထား အရ Facebook တခုတည္းနဲ႔တင္ လံုေလာက္တယ္လို႔ က်ေနာ္တို႔ ယူဆလို႔ ရတယ္ဗ်။”

လက္လီ ေစ်းကြက္ အေနနဲ႔ကေတာ့ မူလရွိၿပီးသား ေစ်းကြက္ အျပင္ကို တျခား ေစ်းကြက္သစ္ေတြပါ ရလာေစတယ္လို႔ သဇင္ပန္း စိန္ေရႊရတနာဆိုင္ လုပ္ငန္းရွင္ ေဒၚဆုမြန္တိုးက ေျပာပါတယ္။

“ အမွန္မွာ ဆိုရင္ က်မတို႔က အခုအခ်ိန္မွာ အြန္လိုင္းကေန ေရာင္းခ်တယ္ ဆိုတာက ဧည့္သည္ အသစ္ေတြလည္း ရေအာင္၊ ေနာက္ ကိုယ့္မွာ ရွိၿပီးသား ဧည့္သည္ေတြလည္း မေပ်ာက္ပ်က္သြားေအာင္၊ ကိုယ့္ကို ေမ႔မသြားေအာင္ ႀကိဳးစားေနရတာေပါ့ေနာ္။ ေန႔စဥ္ တင္ရတယ္ ေရာင္းရတယ္ေပါ့။ ေနာက္ပိုင္းမွာ အေျခအေန ျပန္လည္ တည္ၿငိမ္လာတဲ႔ အခါမွာေတာ့ ေက်ာက္မ်က္ ေလာက က ဆိုင္မွာ ေရာင္းတဲ႔ဟာ ပါးသြားမယ္ ဆုိတာထက္ေပါ့ေနာ္ ဆိုင္မွာ ေရာင္းခ်တဲ႔ ေစ်းကြက္ အျပင္ ေနာက္ထပ္ ေစ်းကြက္ အသစ္ တခု ထပ္ရတယ္လို႔ ေျပာလို႔ ရပါတယ္ရွင့္။”

ကပ္ေဘး ကာလ အတြင္း ခရီးသြား လုပ္ငန္း၊ ေဆာက္လုပ္ေရး လုပ္ငန္း၊ ကုန္ထုတ္လုပ္ငန္းေတြမွာ အေတာ္ေလး အခက္ေတြ႔ေနၾကပါတယ္။ ဒါေပမယ့္လည္း မရွိမျဖစ္ ကုန္စည္ေတြ ျဖစ္တဲ႔ လူသံုးကုန္၊ စားေသာက္ကုန္ လုပ္ငန္း၊ ေဆး၀ါးပစၥည္း တင္သြင္းသူေတြ၊ ေနာက္ ေရြးေကာက္ပြဲ ကာလ ျဖစ္တာေၾကာင့္ ႏုိင္ငံေရး ပါတီေတြရဲ႕ ေၾကာ္ျငာ တံဆိပ္ရိုက္ လုပ္ငန္းေတြလို လုပ္ငန္း တခ်ိဳ႕လည္း အလုပ္ျဖစ္ေနပါတယ္။

Facebook ေပၚက အေရာင္းအ၀ယ္
please wait

No media source currently available

0:00 0:07:25 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

Facebook ပေါ်က အရောင်းအဝယ်

စီးပွားရေး လုပ်ငန်းတွေ ပုံမှန် မလည်ပတ်နိုင်တဲ့ ကပ်ဘေးကာလ အတွင်း စီးပွားရေး လုပ်ငန်းရှင် အတော်များများ က လူမှုကွန်ယက် Facebook ပေါ်က တိုက်ရိုက်လွှင့် ရောင်းချမှုကို ခပ်မြန်မြန် ပြောင်းလဲလာနေကြပါတယ်။ ဒီအပြောင်းအလဲက ကပ်ဘေးအလွန် စီးပွားရေး လုပ်ငန်း အခင်းအကျင်းတွေ ဈေးကွက်တွေ အထိ ပြောင်းလဲသွားနိုင်ပါသလားဆိုတာကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ကပ်ဘေး ကာလ Facebook လူမှုကွန်ရက် သုံးပြီး တိုက်ရိုက်လွှင့် ရောင်းချနေကြတဲ့ အထဲမှာ သိန်းရာ ထောင်ချီ အရောင်းအဝယ် ဖြစ်နေတယ်လို့ ဆိုကြတဲ့၊ ငွေပိုမှ ဝယ်ကြလေ့ ရှိတဲ့ လက်ဝတ်ရတနာ ဈေးကွက် အတော်လေး ထင်သာ မြင်သာ တွေ့လာရပါတယ်။

“ ပျမ်းမျှ သဘောဖြင့် ပြောမယ် ဆိုရင်တော့ အခုဟာ ရတနာ လုပ်ငန်း ကောင်းတယ်ဆိုရင် မြန်မာပြည်မှာ စီးပွားရေး လုပ်ငန်းက အဆင်ပြေတယ်လို့ ပြောလို့ ရတယ်ပေါ့နော်။ တခြား လုပ်ငန်းတွေလည်း ကောင်းနေလို့သာ ရတနာ ဝယ်နိုင်တာပေါ့နော်။ အဲဒီ သဘောကိုလည်း တွက်ဆလို့လည်း ရပါတယ်ရှင့်။ ”

မန္တလေး အခြေစိုက် သဇင်ပန်း စိန်ရွှေရတနာဆိုင်ရှင် ဒေါ်စုမွန်တိုးပါ။ သူကတော့ Facebook ကနေ လက်ဝတ်ရတနာတွေ စရောင်းတာ သတင်း ၂ ပတ်လောက်ဘဲ ရှိသေးပေမယ့် ဆိုင်ဖွင့်တာထက်တောင်မှ အရောင်းသွက်တယ်လို့ ဆိုပါတယ်။

“ ကျမတို့ ရောင်းတဲ့ ပစ္စည်းတွေဆိုရင် အခု ၂၀၀-၃၀၀ လောက်ကို ရောက်သွားပြီပေါ့။ ၂ ပတ် အတွင်းမှာဘဲ ဒီလ အတွင်းမှာဘဲ ပစ္စည်း အခုရေ ၂၀၀-၃၀၀ လောက်ထိ ရောင်းနေရပါတယ်။ နောက်တခုက ဒီလိုမျိုး သောင်းဂဏန်းလေးတွေဘဲ အရင် ရောင်းတဲ့ အခါမှာ ကျမတို့မှာ အမြတ် အားဖြင့်တော့ နည်းပါတယ်။ ဒါပေမယ့် အမြဲတမ်း အလုပ်ဖြစ်နေတော့ ကိုယ့်ရဲ့ ပန်းတိမ် ဆရာတွေကို အလုပ်ပေးနိုင်တယ်။ နောက်တခုက ကိုယ့်ရဲ့ ကျောက်သွေး ဆရာတွေ အလုပ်ရတယ်။ ကိုယ့်ဆီကို အမြဲတမ်းသွင်းနေတဲ့ ကျောက် အရောင်းအဝယ် လုပ်တဲ့ လူငယ်တွေ အလုပ်ရတယ်။ ”

Facebook မှာ နိုင်ငံကျော် ရုပ်ရှင်မင်းသမီး အကယ်ဒမီ ထက်ထက်မိုးဦးရဲ့ လက်ဝတ်ရတနာ တင်ဆက် ရောင်းချမှုဟာဆိုရင်လည်း ကျောက်မျက် ရတနာ လုပ်ငန်းကြီး တခုလုံး အတွက် အကျိုးရှိစေတာလို့လည်း မဆုမွန်တိုးက ပြောပါတယ်။ ကျောက်မျက် ရတနာ လုပ်ငန်းမှာ အရောင်းအဝယ် တက်လာတာကြောင့် ဒီ လုပ်ငန်း နယ်ပယ်ထဲက လူတွေလည်း ကပ်ဘေးကာလ အတွင်း အလုပ်အကိုင် ရစေတာ ဖြစ်ပါတယ်။

လက်ဝတ်ရတနာ တခုတည်းတင် မဟုတ်ပါဘူး။ စားသောက်ကုန် လုပ်ငန်းတွေ၊ အချက်အပြုတ် လက်ရာ ကောင်းသူတွေရဲ့ တပိုင်တနိုင် ချက်ပြုတ် ရောင်းချမှုတွေဟာလည်း Facebook ပေါ်မှာ ခပ်စိပ်စိပ် တွေ့လာရပါတယ်။ ကပ်ဘေး မတိုင်ခင် ကတည်းက Facebook လူမှုကွန်ရက်မှာ လက်လီ ရောင်းချသူတွေ ရှိခဲ့တာပါ။ အခု ကပ်ဘေး ကာလမှာ ပုံမှန် အပြင်ထွက် သွားလာလို့ မရတဲ့ မသင့်တဲ့ အခြေအနေမျိုးမှာ မြန်မာ လူထုကြား အတွင်ကျယ်ဆုံး သုံးတဲ့ လူမှုကွန်ရက် Facebook ပေါ်ကနေ စမ်းသပ် ရောင်းချမှုကနေ ဈေးကွက်လည်း ပိုပြီး ကျယ်ပြန့်လာပါတယ်။ ဒေါ်ဆုမွန်တိုးက အခုလို ဆက်ပြောပါတယ်။

“ ပန်တိမ်ဆရာ တယောက်ကို မှီခိုတဲ့ မိသားစု ၃ ယောက် အနည်းဆုံး ရှိတယ်ပေါ့နော်။ ပန်တိမ် ဆရာ တယောက်ကို မှီခိုတဲ့ မိသားစု ၃ ယောက် ရှိတယ်ဆိုတော့ ကျမနဲ့ လက်တွဲပြီး အလုပ်လုပ်နေတဲ့ ပန်တိမ် ဆရာ ၆ ယောက် ရှိတယ်။ သူတို့ နောက်မှာ မှီခိုတဲ့ မိသားစု အယောက် ၂၀ လောက် ရှိတယ်။ ကျမ ရောင်းရတယ်ဆိုရင် သူတို့ အယောက် ၂၀ ပြေလည်တာပေါ့နော်။ ”

“ နောက်တခုက ကျောက်တွေ၊ အထဲမှာ ထည့်တဲ့ ကျောက်တွေကလည်း မိုးကုတ်မှာ ကျောက်သွေးတဲ့သူတွေ အဆင်ပြေတယ်။ ကျောက်ရောင်းတဲ့ ပွဲစားတွေ အဆင်ပြေတယ်။ ကျောက်ရောင်းတဲ့ ပွဲစားတွေ အဆင်ပြေတယ်။ ပိုင်ရှင်တွေ အဆင်ပြေတယ်။ ဝယ်ရတဲ့ လူတွေ အဆင်ပြေတယ်ပေါ့နော်။ ”

“ အမ ပြောသလိုပေါ့ အင်တာနက် Facebook မှာ ထက်ထက်မိုးဦးတို့ Live လွှင့်ပြီး ရောင်းတဲ့ အခါမှာ သူရောင်းတဲ့ ဆိုင်တွေ အလုပ်ဖြစ်ရုံတင် မကဘူး ထက်ထက်မိုးဦးနဲ့ မရောင်းနိုင်တဲ့ ဆိုင်တွေလည်း အလုပ်ဖြစ်ကြပါတယ်။ မိုးကုတ်မှာ ရှိတဲ့ ကျောက်သွေးတဲ့သူတွေလည်း အလုပ်ဖြစ်ကြတယ်။ ပြောရမယ်ဆိုရင် တနိုင်ငံလုံး လွှမ်းမိုးသွားတာပါဘဲ။ ဟိုဆိုင်က သူလွှင့်ပြီးတော့ ရောင်းပေးသွားတဲ့ ဘာအရောင်လေး ဘာကျောက်လေး။ ရောင်စုံ ကျောက်လေးတွေ လူတွေ သိလာတယ်။ မိုးကုတ် ကျောက်လေးတွေ လူတွေ ပိုပြီး သဘောကျလာတယ် ဝယ်လာကြတယ်ပေါ့နော်။ ”

ကပ်ဘေး မတိုင်ခင်က ပုံမှန် လည်ပတ် နေတဲ့ အရောင်းအဝယ် ဈေးကွက်၊ ကုန်ပစ္စည်း ဖြန့်ချိမှု ဈေးကွက်က ကပ်ဘေး အလွန်မှာ ပြောင်းလဲလာနိုင်ပါပြီလား ဘယ်သူတွေ ပြင်ဆင်ထားကြဖို့ လိုပြီလဲ ဆိုတာကိုလည်း မန္တလေးမှာ ရုံးစိုက်ပြီး အထက်မြန်မာပြည် တဝန်းကို ကုန်ပစ္စည်း လက်ကားဖြန့်ဖြူးရေး လုပ်ငန်းကြီး ဖြစ်တဲ့ UMT Trading Company Ltd. ရဲ့ ဒါရိုက်တာ ဦးကျော်မင်းသိန်းကို မေးကြည့်ပါတယ်။

“ ဥပမာ ပြောရရင် အခု မြန်မာပြည်မှာ Macro ဆိုပြီးတော့ ရောက်လာတယ်။ အဲလိုမျိုး နိုင်ငံတကာ ကုမ္ပဏီတွေ ဆိုလို့ ရှိရင်တော့ သူတို့ဆီမှာ ရင်းနှီးမြှုပ်နှံမှု ပါလာတဲ့ အတွက် အရမ်းကြီး ဂရုစိုက်စရာ မလိုဘူးပေါ့နော်။ ကျနော်တို့ ပြည်တွင်း ကုန်သည်တွေ ကျတော့ ဖြန့်ချိရေး သမားတွေကျတော့ ကျနော်တို့မှာ အဓိက နောက်ခံ ရင်းနှီးမြှုပ်နှံမှု မရှိတဲ့ အတွက် ဒီလိုမျိုး သွားပြီး ရင်းနှီးမြှုပ်နှံမယ် ဆိုလို့ ရှိရင် တခြား နေရာမှာ ရင်းနှီးမြှုပ်နှံလို့ ရတာနဲ့ ဒီ နည်းပညာပိုင်းကို သွားပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုလို့ ရှိရင် ကျနော် ထင်တာက နည်းပညာပိုင်းက နည်းနည်း လိုသေးတယ်။ အချိန် လိုသေးတယ်လို့ ယူဆတယ်။ ”

“ ဒါပေမယ့် ကျနော်တို့က အလှကုန်တို့၊ တခြား ပရိဘောဂ လုပ်ငန်းတို့ ၊ လူသုံးကုန် ဆေးပစ္စည်း လုပ်ငန်း ကဏ္ဍတွေ အတွက်တော့ သူတို့ရဲ့ ကုန်ပမာဏက အဲလောက်ကြီး မများတဲ့ အတွက် သူတို့ ဆိုရင်တော့ ဒီ Apps ဆောက်တာတွေ၊ Website ရေးတာတွေ၊ Channel တွေ အမျိုးမျိုးပေါ့ တခြား Channel တွေလည်း အများကြီး ရှိပါတယ်။ သူတို့ အနေနဲ့ စပြီး တည်ဆောက်ထားသင့်တယ်။ ကြိုပြီး လုပ်ထားသင့်တယ်ပေါ့။ ”

အဲဒီတော့ မြန်မာနိုင်ငံတွင်းက ဝန်ဆောင်မှု ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ အနေနဲ့ အွန်လိုင်းပေါ်က အရောင်းအဝယ် တွင်တွင်ကျယ်ကျယ် လုပ်နိုငအောင် နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တဲ့ အနေအထားမျိုးပါလား - UMT Trading Company Ltd. ရဲ့ ဒါရိုက်တာ ဦးကျော်မင်းသိန်း ကတော့ အခုလို သုံးသပ်ပါတယ်။

“ အခုဟာက ကျနော်တို့ မြန်မာပြည် အနေအထား အရ ဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်းမှာ ၉၀ ရာခိုင်နှုန်း အထက်က Facebook ပေါ်မှာဘဲ အရောင်းအဝယ် လုပ်နေကြတာပေါ့နော်။ ကျနော်တို့ အနေအထားအရ လက်ရှိ အနေအထား အရ Facebook တခုတည်းနဲ့တင် လုံလောက်တယ်လို့ ကျနော်တို့ ယူဆလို့ ရတယ်ဗျ။”

လက်လီ ဈေးကွက် အနေနဲ့ကတော့ မူလရှိပြီးသား ဈေးကွက် အပြင်ကို တခြား ဈေးကွက်သစ်တွေပါ ရလာစေတယ်လို့ သဇင်ပန်း စိန်ရွှေရတနာဆိုင် လုပ်ငန်းရှင် ဒေါ်ဆုမွန်တိုးက ပြောပါတယ်။

“ အမှန်မှာ ဆိုရင် ကျမတို့က အခုအချိန်မှာ အွန်လိုင်းကနေ ရောင်းချတယ် ဆိုတာက ဧည့်သည် အသစ်တွေလည်း ရအောင်၊ နောက် ကိုယ့်မှာ ရှိပြီးသား ဧည့်သည်တွေလည်း မပျောက်ပျက်သွားအောင်၊ ကိုယ့်ကို မေ့မသွားအောင် ကြိုးစားနေရတာပေါ့နော်။ နေ့စဉ် တင်ရတယ် ရောင်းရတယ်ပေါ့။ နောက်ပိုင်းမှာ အခြေအနေ ပြန်လည် တည်ငြိမ်လာတဲ့ အခါမှာတော့ ကျောက်မျက် လောက က ဆိုင်မှာ ရောင်းတဲ့ဟာ ပါးသွားမယ် ဆိုတာထက်ပေါ့နော် ဆိုင်မှာ ရောင်းချတဲ့ ဈေးကွက် အပြင် နောက်ထပ် ဈေးကွက် အသစ် တခု ထပ်ရတယ်လို့ ပြောလို့ ရပါတယ်ရှင့်။”

ကပ်ဘေး ကာလ အတွင်း ခရီးသွား လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းတွေမှာ အတော်လေး အခက်တွေ့နေကြပါတယ်။ ဒါပေမယ့်လည်း မရှိမဖြစ် ကုန်စည်တွေ ဖြစ်တဲ့ လူသုံးကုန်၊ စားသောက်ကုန် လုပ်ငန်း၊ ဆေးဝါးပစ္စည်း တင်သွင်းသူတွေ၊ နောက် ရွေးကောက်ပွဲ ကာလ ဖြစ်တာကြောင့် နိုင်ငံရေး ပါတီတွေရဲ့ ကြော်ငြာ တံဆိပ်ရိုက် လုပ်ငန်းတွေလို လုပ်ငန်း တချို့လည်း အလုပ်ဖြစ်နေပါတယ်။

XS
SM
MD
LG