သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ ဧပြီလ ၁ ရက်နေ့ ကျင်းပမည်


၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဆန္ဒမဲပေးနေစဉ်
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဆန္ဒမဲပေးနေစဉ်

လာမယ့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကျရင် လွှတ်တော်အသီးသီးမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ကြေညာပါတယ်။

ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၉ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၃ နေရာနဲ့ ပြည်နယ်လွှတ်တော်နေရာ ၆ နေရာ စုစုပေါင်း ၁၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ဒီကနေ့ အောက်တိုဘာလ ၁၁ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက် တာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မဲအပြတ်အသတ် အနိုင်ရပြီး လွှတ်တော်အသီးသီးမှာ နေရာအများစုကို လွှမ်းမိုးထားနိုင်တာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်နေရာစုစုပေါင်း ၁၁၅၀ နေရာမှာ NLD ပါတီက နေရာပေါင်း ၈၈၆ နေရာနဲ့ ၇၇ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG