သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယား မြေပြိုမှု အနည်းဆုံး ၁၃ ယောက်သေ


အမေရိကန်ပြည်ထောင်စု Los Angeles မြို့ မြောက်ပိုင်းမှာ မနေ့တုန်းက ရုတ်တရက် ရေကြီးမှုနဲ့ ရွှံ့မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၃ ယောက် သေဆုံးပြီး အိမ်ခြေတချို့လည်း ပျက်စီးခဲ့ရပါတယ်။

ဒီကနေ့မှာတော့ အဆောက်အအုံတွေကြားမှာ ပိတ်မိနေနိုင်တဲ့သူတွေကို ကယ်ဆယ်ရေးအဖွဲ့က ဆက်လက်ရှာဖွေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ တောမီးတွေလောင်ကျွမ်းမှုကြောင့် သစ်ပင်တွေနဲ့ စိုက်ခင်းတွေပျက်စီးခဲ့ရတာကြောင့် တောင်ကတုံးတွေပေါ်ကနေ ရွှံ့မြေစီးကြောင်းကြီး စီးဆင်းကျလာတာ ဖြစ်ပါတယ်။

ခြေကျင်းဝတ်လောက်ထိ နစ်တဲ့ ရွှံ့ွှမြေထဲမှာ ညပ်နေတဲ့၊ အိမ်တွေထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ဆယ်ရေးလုပ်သားတွေက ခွေးတွေရဲ့ အကူအညီနဲ့ ရှာဖွေပြီး ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်နေပါတယ်။ လူဒါဇင်နဲ့ချီလည်း ပျောက်ဆုံးနေဆဲ ဖြစ်တာကြောင့် သေဆုံးသူအရေအတွက် တိုးလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။

Montecito နဲ့ Santa Barbara ခရိုင်က လမ်းတွေမှာလည်း ရွှံ့စီးကြောင်း မြစ်ကြီးလို ဖြစ်သွားတာ၊ ကျောက်တုံး သစ်တုံးတွေကြောင့်လမ်းပိတ်တာတွေနဲ့ ကြုံနေရပါတယ်။ ကယ်လီဖိုးနီးရားပြည်နယ်တွင်းက တချို့နေရာတွေမှာတော့ ၁၃ စင်တီမီတာအထိ မိုးရွာပေမယ့်လည်း ကယ်လီဖိုးနီးရား တောင်ပိုင်းမှာ ဒီတပတ်အတွင်းတော့ ခြောက်သွေ့ပြီး ပူနွေးတဲ့ ရာသီမျိုး ခံစားရမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဒီဇင်ဘာလတုန်းက လောင်ခဲ့တဲ့ တောမီးတွေကြောင့် ခြုံပုတ်နဲ့ စိုက်ခင်း ဧက များစွာ ပျက်စီးရတာကြောင့် ပုံမှန် မိုးကြီးရင် LA မြို့ မြောက်ပိုင်း တောင်ကုန်းတွေမှာ ရေတင်နေတတ်ပေမယ့် အခုတော့ ရေကြီး မြေပြိုမှုတွေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG