သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယ္လီဖိုးနီးယား အထက္တန္းေက်ာင္း ပစ္ခတ္မႈ ၂ ဦးေသဆံုး


(Zawgyi/Unicode)

ကယ္လီဖိုးနီးယားျပည္နယ္ ေတာင္ပိုင္း Santa Clarita ၿမိဳ႕ Saugus အထက္တန္းေက်ာင္းမွာ ေဒသစံေတာ္ခ်ိန္ မနက္ ၇ နာရီခဲြ ေက်ာ္ေက်ာ္မွာ ေသနတ္ပစ္ခတ္မႈ တခု ျဖစ္ပြားခဲ့ၿပီး ၂ ဦး ေသဆံုးခဲ့ရပါတယ္။

ေသနတ္နဲ႔ ပစ္ခတ္တယ္လို႔ သံသယရွိသူဟာ အသက္ ၁၆ ႏွစ္အရြယ္ ေက်ာင္းသားတဦးျဖစ္ၿပီး သူ႔ေမြးေန႔မွာ ခုလို အခင္းျဖစ္ပြားခဲ့ေၾကာင္းနဲ႔ သူအပါအဝင္ ေသနတ္ထိမွန္ ဒဏ္ရာရသူ ၆ ဦးကို ေဆးရံုကို ပို႔ေပးခဲ့ ေပမယ့္ အသက္ ၁၆ ႏွစ္အရြယ္ေက်ာင္းသူ တဦးနဲ႔ ၁၄ ႏွစ္အရြယ္ ေက်ာင္းသားတဦး ေဆးရံုမွာ ေသဆံုးသြားတယ္လို႔ Los Angeles ေကာင္တီ ရဲဌာနက ကက္ပတိန္ Kent Wegener က ေျပာပါတယ္။

ဗီဒီယိုထဲမွာ သူဟာ သူ႔ေခါင္းကို သူျပန္မပစ္ခင္မွာ ေက်ာပိုးအိတ္ထဲက ေသနတ္ကို ထုတ္ၿပီး လူ ၅ ေယာက္ကို ပစ္ခတ္ခဲ့တယ္လို႔လည္း ရဲက ေျပာပါတယ္။ ပစ္ခတ္တဲ့ ေသနတ္က 45-caliber semi-automatic pistol ျဖစ္ၿပီး ေသနတ္ကို စစ္ေဆးၾကည့္ရာမွာ ေသနတ္ထဲ ယမ္းေတာင့္ တေတာင့္မွ မက်န္ေတာ့တာ ေတြ႔ရတယ္လို႔လည္း ေျပာပါတယ္။

ေသနတ္နဲ႔ အပစ္ခံခဲ့ရတဲ့ထဲက ဒဏ္ရာရခဲ့သူေတြကေတာ့ အသက္ ၁၄ ႏွစ္နဲ႔ ၁၃ ႏွစ္အရြယ္ ေက်ာင္းသူ ၂ ဦး အသက္ ၁၄ ႏွစ္အရြယ္ ေက်ာင္းသား တဦးတုိ႔ ျဖစ္ပါတယ္။ ေသနတ္နဲ႔ ပစ္ခတ္တယ္လို႔ သံသယရွိသူ ဘယ္သူဘယ္ဝါ ဆိုတာကို ရဲက မထုတ္ျပန္ေသးသလို ေဆးရံုတင္ထားရတဲ့ သူ႔ရဲ့ အေျခေနကေတာ့ သိပ္ဆိုးေနတယ္လို႔လည္း ရဲက ေျပာပါတယ္။

အခုလို ပစ္ခတ္ရတဲ့ အေၾကာင္းရင္းကို စံုစမ္းဆဲျဖစ္ၿပီး သူ႔ေနအိမ္ကို ရွာေဖြဖို႔ လုပ္ေနတယ္လို႔ လည္း ရဲက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ကယ်လီဖိုးနီးယား အထက်တန်းကျောင်း ပစ်ခတ်မှု ၂ ဦးသေဆုံး

(Unicode)

ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Santa Clarita မြို့ Saugus အထက်တန်းကျောင်းမှာ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲ ကျော်ကျော်မှာ သေနတ်ပစ်ခတ်မှု တခု ဖြစ်ပွားခဲ့ပြီး ၂ ဦး သေဆုံးခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်ခတ်တယ်လို့ သံသယရှိသူဟာ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတဦးဖြစ်ပြီး သူ့မွေးနေ့မှာ ခုလို အခင်းဖြစ်ပွားခဲ့ကြောင်းနဲ့ သူအပါအဝင် သေနတ်ထိမှန် ဒဏ်ရာရသူ ၆ ဦးကို ဆေးရုံကို ပို့ပေးခဲ့ ပေမယ့် အသက် ၁၆ နှစ်အရွယ်ကျောင်းသူ တဦးနဲ့ ၁၄ နှစ်အရွယ် ကျောင်းသားတဦး ဆေးရုံမှာ သေဆုံးသွားတယ်လို့ Los Angeles ကောင်တီ ရဲဌာနက ကက်ပတိန် Kent Wegener က ပြောပါတယ်။

ဗီဒီယိုထဲမှာ သူဟာ သူ့ခေါင်းကို သူပြန်မပစ်ခင်မှာ ကျောပိုးအိတ်ထဲက သေနတ်ကို ထုတ်ပြီး လူ ၅ ယောက်ကို ပစ်ခတ်ခဲ့တယ်လို့လည်း ရဲက ပြောပါတယ်။ ပစ်ခတ်တဲ့ သေနတ်က 45-caliber semi-automatic pistol ဖြစ်ပြီး သေနတ်ကို စစ်ဆေးကြည့်ရာမှာ သေနတ်ထဲ ယမ်းတောင့် တတောင့်မှ မကျန်တော့တာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ထဲက ဒဏ်ရာရခဲ့သူတွေကတော့ အသက် ၁၄ နှစ်နဲ့ ၁၃ နှစ်အရွယ် ကျောင်းသူ ၂ ဦး အသက် ၁၄ နှစ်အရွယ် ကျောင်းသား တဦးတို့ ဖြစ်ပါတယ်။ သေနတ်နဲ့ ပစ်ခတ်တယ်လို့ သံသယရှိသူ ဘယ်သူဘယ်ဝါ ဆိုတာကို ရဲက မထုတ်ပြန်သေးသလို ဆေးရုံတင်ထားရတဲ့ သူ့ရဲ့ အခြေနေကတော့ သိပ်ဆိုးနေတယ်လို့လည်း ရဲက ပြောပါတယ်။

အခုလို ပစ်ခတ်ရတဲ့ အကြောင်းရင်းကို စုံစမ်းဆဲဖြစ်ပြီး သူ့နေအိမ်ကို ရှာဖွေဖို့ လုပ်နေတယ်လို့ လည်း ရဲက ပြောပါတယ်။

XS
SM
MD
LG