သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ ၁၂ ဦးသေဆုံးစေတဲ့ ကယ်လီဖိုးနီးယား သေနတ်သမား


အမေရိကန်ပြည်ထောင်စု California ပြည်နယ်တောင်ပိုင်းက အရက်ဘားနဲ့ Club တခုမှာ လူ ၁၂ ဦးသေဆုံးအောင်ပစ်ခတ်ခဲ့သူဟာ အသက် ၂၈ နှစ်အရွယ် Ian David Long ဆိုသူဖြစ်တယ်လို့ အာဏာပိုင်တွေပြောကြားလိုက်ပါတယ်။

သေနတ်သမားလို့ မသင်္ကာသူဟာ ၁၉၉၀ မတ်လ ၂၇ ရက်နေ့မှာမွေးဖွားတဲ့ Ian David Long ဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိပါပြီ။ ယာဉ်တိုက်မှုလို အငယ်စားအမှုတွေနဲ့ပါတ်သက်လို့ သူနဲ့ရဲတွေကြား အကြိမ်တော်တော်များများ ရင်ဆိုင်တွေ့ခဲ့ဖူးတယ်လို့ Ventura မြို့နယ်ရဲရုံးက ရဲအရာရှိ Geoff Dean ပြောသွားတာဖြစ်ပါတယ်။ သူဟာ Marine တပ်သားဟောင်းတယောက်ဖြစ်တယ်လို့ ပြောပါတယ်။ သူဘာကြောင့် ခုလိုပစ်ခတ်ခဲ့သလဲဆိုတာကို သက်ဆိုင်ရာ မသိရသေးဘူးလို့လည်း ရဲအရာရှိကပြောပါတယ်။

Ian David Long ကို Club ထဲမှာသေဆုံးနေတာ တေ့ွရှိခဲ့တာပါ။ Club ထဲကို Long ဝင်လာပြီး ပြောင်းတိုသေနတ်၊ မီးခိုးဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ အဲဒီ Club ဟာ California Lutheran တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေအသွားများတဲ့ Club တခုဖြစ်ပါတယ်။ ပြစ်ခတ်မှုဖြစ်ရာကိုရောက်သွားပြီး သေနတ်သမားကို ရင်ဆိုင်တဲ့ ရဲအရာရှိတယောက်လည်း ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။ လုပ်သက် ၂၉ နှစ်ရှိတဲ့ ရဲတပ်ကြပ် Ron Helus ကိုကျည်ဆံ အများအပြားထိမှန်ခဲ့ပြီး ဆေးရုံအသွားသေဆုံးခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG