သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားပြည်နယ် ပစ်ခတ်မှု ၇ ဦးသေ


ကယ်လီဖိုးနီးယားပြည်နယ်မှာ BMW ကားပေါ်က ပစ်ခတ်မှုကြောင့် လူ ၇ ဦးသေဆုံးခဲ့တဲ့ အခင်းဖြစ်ရာက ကျည်ဆံထိမှန်ထားတဲ့ မှန်။ (မေ ၂၄၊ ၂၀၁၄)
ကယ်လီဖိုးနီးယားပြည်နယ်မှာ BMW ကားပေါ်က ပစ်ခတ်မှုကြောင့် လူ ၇ ဦးသေဆုံးခဲ့တဲ့ အခင်းဖြစ်ရာက ကျည်ဆံထိမှန်ထားတဲ့ မှန်။ (မေ ၂၄၊ ၂၀၁၄)
အမေရိကန်ပြည်ထောင်စု အနောက်ဖက် California ပြည်နယ်မှာ သေနတ်နဲ့ ပစ်ခတ်မှုတခုဖြစ်ပွားခဲ့တာမှာ သေနတ်သမားအပါအဝင် ၇ ယောက် သေဆုံးသွားပါတယ်။

Santa Barbabara မြို့က California တက္ကသိုလ်ကျောင်းဝန်းနားမှာ စနေနေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်ထပ် ၇ ယောက်လည်း ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

BMW ကားတစီး ပေါ်ကနေ လမ်းပေါ်မှာ တွေ့တဲ့သူတွေကို ပစ်ခတ်ခဲ့သူနဲ့ ရဲတွေကြား အပြန်အလှန် ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ခဲ့ပြီး နောက် သေနတ်သမားရဲ့ကားက ရပ်ထားတဲ့ကားကို တိုက်ပြီးရပ်သွားခဲ့တယ်လို့ ရဲအရာရှိ တယောက်က ပြောပါတယ်။ သေနတ်သမားရဲ့ခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရပေမဲ့ ဒီဒဏ်ရာ ဘယ်လိုရသလဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။

အမျိုးသမီးတယောက်ရဲ့ ငြင်းပယ်ခြင်းခံရတဲ့ အမျိုးသားတယောက်က လက်တုံ့ပြန်မယ်လို့ ပြောကြားထားတဲ့ YouTube video နဲ့ ပစ်ခတ်မှု ဆက်စပ်မှု ရှိမရှိ စုံစမ်းစစ်ဆေးနေတယ်လို့ Santa Barbara ခရိုင်ရဲ Bill Brown က ပြောပါတယ်။ သေနတ်သမား ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို အာဏာပိုင်တွေဖက်က အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ပစ်ခတ်ခဲ့သူဟာ သူ့ရဲ့သားဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်း Hollywood ဒါရိုက်တာ Peter Rodger က ရှေ့နေကတဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

စိတ်ရောဂါကုသမှုခံယူနေတဲ့ အသက် ၂၂ နှစ်အရွယ် Elliot Rodger က ပစ်ခတ်မှုတွေကို လုပ်ခဲ့တာဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါရိုက်တာ Peter Rodger ဟာ The Hunger Game ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ လက်ထောက် ဒါရိုက်တာဖြစ်ပါတယ်။
XS
SM
MD
LG