သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားပြည်နယ် မိုးကြီးရေလွှမ်း


မိုးကြီးရေလွှမ်းနေသည့်ကြားက ၈၆ ကြိမ်မြောက် အော်စကာအကယ်ဒမီဆုပေးပွဲအတွက် ပြင်ဆင်နေပုံ။ (ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄)
မိုးကြီးရေလွှမ်းနေသည့်ကြားက ၈၆ ကြိမ်မြောက် အော်စကာအကယ်ဒမီဆုပေးပွဲအတွက် ပြင်ဆင်နေပုံ။ (ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄)
အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းက California ပြည်နယ်မှာ မိုးသည်းထန်စွာရွာလို့ ဓာတ်အားတွေ ပြတ်တောက်၊ လမ်းပန်းဆက်သွယ်ရေးတွေ
နှောင့်နှေးခဲ့သလို မြေပြိုမယ့်အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရပါတယ်။ California ပြည်နယ်တောင်ပိုင်းတချို့နေရာတွေမှာ မိုးရေချိန် ၈ လက်မလောက် အထိ ရွာခဲ့တာပါ။

မုန်တိုင်းကြောင့် မြေပြိုနေပုံ။
မုန်တိုင်းကြောင့် မြေပြိုနေပုံ။

မိုးရေတွေကြောင့် လမ်းတွေပေါ်စီးလာတဲ့ ရွှွံ့မြေတွေ ကျောက်တုံး ကျောက်ခဲတွေကိုလည်း ရှင်းလင်းခဲ့ကြရပါတယ်။ Pacific သမုဒ္ဒရာဘက်က လာတဲ့ အင်အားပြင်းမုန်တိုင်းဟာ အရှေ့ဘက်က ရွေ့လျားမသွားခင် နောက်ရက်ပိုင်းအထိ California ပြည်နယ်မှာ ရေကြီး မြေပြိုနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ မိုးလေဝသပညာရှင်တွေကပြောပါတယ်။

Los Angeles မြို့အရှေ့ပိုင်းက တချို့နေရာတွေမှာ မြေပြိုနိုင်တဲ့ အန္တရာယ်ကြောင့် မဖြစ်မနေ ဘေးကင်းရာပြောင်းရွှေ့ဖို့ သက်ဆိုင်ရာက အမိန့် ထုတ်ထားပါတယ်။ ရေကြီး မြေပြိုမှုတွေကနေ ကာကွယ်နိုင်ဖို့ တချို့သူတွေက သူတို့ရဲ့ အိမ်တွေကို သဲအိတ်တွေနဲ့ ကာကွယ်ထားကြပါတယ်။
မုန်တိုင်းကြောင့် ကမ်းစပ်မှာလာတင်နေတဲ့ စွန့်ပစ်ပစ္စည်းတွေကို လိုက်လံသိမ်းဆည်းနေကြတဲ့ သားအမိနှစ်ဦး။
မုန်တိုင်းကြောင့် ကမ်းစပ်မှာလာတင်နေတဲ့ စွန့်ပစ်ပစ္စည်းတွေကို လိုက်လံသိမ်းဆည်းနေကြတဲ့ သားအမိနှစ်ဦး။

Central Coast, San Francisco Bay Area နဲ့ Central Valley ဒေသတွေမှာလည်း မိုးသည်းထန်စွာ ရွာခဲ့ပါတယ်ရှင်။
XS
SM
MD
LG