သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယား သေနတ်ပစ်ခတ်မှု ကြိုတင်ကြံစည် မှုဖြစ်ကြောင်း FBI ထုတ်ပြန်


ကယ်လီဖိုးနီးယား San Bernardino မြို့က ပစ်ခတ်မှုနေရာ
ကယ်လီဖိုးနီးယား San Bernardino မြို့က ပစ်ခတ်မှုနေရာ

ပြီးခဲ့တဲ့ အပတ်တုန်းက ကယ်လီဖိုးနီးယားပြည်နယ် San Bernardino က ပစ်ခတ်မှု အတွက် မသင်္ကာရသူ နှစ်ဦးဟာ အစွန်းရောက်ဝါဒကို စွဲကိုင်ခဲ့တာ အချိန် အတော် ကြာပြီဖြစ်ခဲ့ကြောင်းနဲ့ လူတွေသေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို ကြိုတင်ကြံစည်ခဲ့တဲ့ သက်သေ အထောက်အထားတွေ ရှိတယ်လို့ အာဏာပိုင်တွေက ယုံကြည် တဲ့ကြောင်း အမေရိကန် ဗဟိုအစိုးရ ထောက်လှမ်းရေးဌာန FBI က ပြောကြား လိုက်ပါတယ်။

မသင်္ကာရသူ အမေရိကန် နိုင်ငံဖွား Syed Rizwan Farook နဲ့ သူ့ရဲ့ပါကစ္စတန် နိုင်ငံသူဇနီး Tashfeen Malik တို့ဟာ ဒီပစ်ခတ်မှု မတိုင်ခင် ရက်ပေါင်းအနည်း ငယ်က သေနတ်ပစ်လေ့ကျင့်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ FBI ရဲ့လော့အိန်းဂျလိစ် ဌာန ရုံးတာဝန်ခံ လက်ထောက်ညွှန်ကြား ရေးမှူး David Bowdich က သတင်းထောက်ေ တွကို တနင်္လာနေ့က ပြောပါတယ်။ အခုလို တိုက်ခိုက်မှု ပြုလုပ်ဖို့ ဘယ့်လောက် အချိန်ယူ စီစဉ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး FBI က စုံစမ်းစစ်ဆေးဆဲဖြစ် တယ်လို့ လည်း သူကပြောပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးဟာ ပြည်ပ အခြေစိုက်တဲ့ အကြမ်း ဖက်ကြံစည်မှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်ဆိုတာကိုတော့ ခုချိန်ထိ သက်သေ အထောက်အထား မတွေ့ရသေးဘူး လို့လဲ သူက ပြောပါတယ်။

သူတို့နှစ်ဦး အစွန်းရောက်ဝါဒ စွဲကိုင်တာဟာ ဘာကြောင့်လဲ ၊ ဘယ်အချိန်တုန်း ကလဲ ဘယ်သူတွေကြောင့်လဲဆိုတဲ့အချက်တွေကိုတော့ စုံစမ်း စစ်ဆေးသူတွေက သိရှိဖို့ ကြိုးစားနေကြဆဲဖြစ်တယ်လို့လဲ Bowdich က ပြောပါတယ်။ ခုလို အစွန်းရောက် တာဟာ လူလူချင်း ဆက်သွယ်မှုက မဟုတ်ပဲ ၊ အင်တာနက်က တဆင့် ဖြစ်နိုင်ချေရှိတယ်လို့လဲ သူကပြောပါတယ်။

တနင်္လာနေ့ စောစောပိုင်းကတော့ San Bernardino မြို့မှာ အစိုးရဝန်ထမ်း ထော င်ပေါင်းများစွာဟာ အလုပ်ခွင်ကို ပြန်ဆင်းနေကြပြီ ဖြစ်ပါတယ်။ Farook နဲ့ Malik တို့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဒေသခံ လူမှုဖူလုံရေး ဌာနရုံးခန်းအတွင်း ကျင်းပတဲ့ ပွဲမှာ ပစ်ခတ်ခဲ့ကြလို့ လူ ၁၄ ဦး သေဆုံးပြီး အခြားလူ ၂၁ ဦး ဒဏ်ရာရရှိသွား ပါတယ်။ သူတို့စီးနင်းလာတဲ့ မော်တော်ကားကို ရဲကတွေ့ရှိပြီး အပြန်အလှန် ပစ်ခတ်ခဲ့ရာမှာ သူတို့ ၂ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ အပြစ်မဲ့တဲ့သူတွေကို သတ်ဖို့ကြံစည်တဲ့ လုပ်ရပ်လို့ သမ္မတအိုဘားမားက ခေါ်ဝေါ်တဲ့ ဒီအကြမ်းဖက် ဖြစ်ရပ်ရဲ့ ဒဏ်ကို နားလည်နိုင်ဖို့ ဒေသခံတွေ ကြိုးစားနေချိန်မှာ အဲဒီမှာ လုံခြုံရေးတိုးချထားမယ်လို့လဲ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။

XS
SM
MD
LG