သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားတောမီး မထိန်းနိုင်သေး


ကယ်လီဖိုးနီးယား ကမ်းရိုးတမ်းဒေသတလျှောက် လောင်ကျွမ်းနေတဲ့တောမီး။ (မေလ ၄ ရက်၊ ၂၀၁၃)။
ကယ်လီဖိုးနီးယား ကမ်းရိုးတမ်းဒေသတလျှောက် လောင်ကျွမ်းနေတဲ့တောမီး။ (မေလ ၄ ရက်၊ ၂၀၁၃)။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ကမ်းရိုးတန်းဒေသ တလျှောက်မှာ လောင်ကျွမ်းနေတဲ့ တောမီးက အိမ်ခြေထောင်ပေါင်းများစွာကို မီးကူးစက်လာနိုင်တဲ့အထိ ခြိမ်းခြောက်လာေနပါတယ်။ ဒီတောမီးဟာ စနေနေ့ကအထိ ၃ ရက် ဆက်တိုက် လောင်ကျွမ်းနေတုန်းပဲဖြစ်ပြီး၊ မီးသတ်သမား ၁ ထောင်လောက်က မီးကို ငြိမ်းသတ်နိုင်ဖို့ ကြိုးပမ်နေကြပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် သစ်ပင်တွေ ထူထူထပ်ထပ်ပေါက်နေတဲ့ မြေဧကပေါင်း ၇ ထောင်ကျော်လောက် မီးလောင်သွားခဲ့ပြီး၊ တက္ကသိုလ်ကျောင်းသားတွေ အပါအဝင် လူ ရာပေါင်းများစွာကို ဘေးလွတ်ရာကို ရွှေ့ပြောင်းလိုက်ရပါတယ်။ တချို့အိမ်တွေ ထိခိုက်မှုတွေရှိခဲ့ပေမဲ့၊ မီးသတ်သမားတွေ နဲ့ အရပ်သားပြည်သူတေွထဲမှာတော့ ထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့ သတင်းတွေက ဆိုပါတယ်။

အပူပိုင်းကန္တာရဘက်အခြမ်းကနေ ကမ်းရိုးတန်းဘက်ကို တိုက်တဲ့ လေပြင်းကြောင့် ကယ်လီဖိုးနီးယား ပြည်နယ်တောင်ပိုင်းက တောမီးဟာ ပိုပြီးတော့ အားကောင်းလာခဲ့တာ ဖြစ်ပါတယ်။ မီးကို တနင်္လာနေ့လောက်မှာ လုံးဝငြိမ်းသတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ မီးသတ်အာဏာပိုင်တွေက ပြောပါတယ်။ နွေရာသီ အပူချိန်မြင့်တက်တာနဲ့ မိုးခေါင်တာတွေက မီးလောင်ကျွမ်းမှုတွေ ပိုဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။
XS
SM
MD
LG