မိုႀကီး၊ ေရလွ်ံ၊ ေျမၿပိဳမႈေတြ ျဖစ္ေနတဲ့ အေမရိကန္ျပည္ေထာင္စု အေနာက္ဘက္ျခမ္းက California ျပည္နယ္ထဲမွာ အခု စေန၊ တနဂၤေႏြနဲ႔ လာမယ့္သီတင္းပါတ္ထဲ ေနာက္ထပ္မုန္တိုင္းေတြ ဝင္ဖို႔႐ွိေနတာေၾကာင့္ ျပည္နယ္ထဲမွာ ေနသူေတြ အထူးသတိ႐ွိေနၾကဖို႔ ျပည္နယ္နဲ႔ ျပည္ေထာင္စုအစိုးရ တာဝန္႐ွိသူေတြ သတိေပးထားပါတယ္။
ဒီဇင္ဘာလကုန္ပိုင္းထဲက California ျပည္နယ္မွာ မုန္တိုင္းေတြ ဆက္တိုက္ဝင္ေနၿပီး ေလျပင္းတိုက္ခတ္၊ ေရႀကီးမႈေၾကာင့္ ၁၉ ေယာက္ထက္မနည္း ေသဆုံးခဲ့ပါတယ္။ ေသာၾကာေန႔အထိ လူေပါင္း ၆ ေထာင္ေက်ာ္ ေဘးကင္းရာေျပာင္းေ႐ႊ႕ ေနေနၾကရၿပီး၊ အိမ္ေျခ ၂ ေသာင္းေက်ာ္လည္း လွ်ပ္စစ္မီး ျပတ္ေတာက္ေနတယ္လို႔ California ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးရဲ႕ အေရးေပၚလုပ္ငန္းဆိုင္ရာ ၫႊန္ၾကားေရးမႉး Nancy Ward က ေျပာပါတယ္။
ျပည္ေထာင္စုအစိုးရ အေရးေပၚတုံ႔ျပန္စီမံခန္႔ခြဲေရး FEMA ဌာနအႀကီးအကဲ Deanne Criswell လည္း ေသာၾကာေန႔က California ျပည္နယ္ထဲက ထိခိုက္ပ်က္စီးမႈေတြကို သြားေရာက္ေလ့လာခဲ့ပါတယ္။ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Gavin Newsom ကလည္း မုန္တိုင္းဒဏ္ခံထားရတဲ့ Montecito ၿမိဳ႕ကို သြားေရာက္ၿပီး ထိခိုက္ခဲ့သူေတြကို အားေပးစကားေျပာခဲ့ပါတယ္။ California ျပည္နယ္ထဲက ေနရာေတာ္ေတာ္မ်ားမ်ားမွာ လူေနအိမ္ေတြထိခိုက္ပ်က္စီးတဲ့အထိ ေရႀကီးမႈ၊ ေရကာတာက်ိဳးေပါက္မႈ၊ ေရႀကီး ေျမၿပိဳတာေတြ ျဖစ္ေနသလို၊ ဟာရီကိန္းျပင္းအားနဲ႔ ေလျပင္းတိုက္ခတ္မႈေတြ ျဖစ္ခဲ့တဲ့အျပင္ ေလဆင္ႏွာေမာင္းတိုတ္ခတ္တဲ့ဒဏ္ကိုလည္း ခံခဲ့ၾကရပါတယ္။
=== Unicode =====
မိုကြီး၊ ရေလျှံ၊ မြေပြိုမှုတွေ ဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းက California ပြည်နယ်ထဲမှာ အခု စနေ၊ တနင်္ဂနွေနဲ့ လာမယ့်သီတင်းပါတ်ထဲ နောက်ထပ်မုန်တိုင်းတွေ ဝင်ဖို့ရှိနေတာကြောင့် ပြည်နယ်ထဲမှာ နေသူတွေ အထူးသတိရှိနေကြဖို့ ပြည်နယ်နဲ့ ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတွေ သတိပေးထားပါတယ်။
ဒီဇင်ဘာလကုန်ပိုင်းထဲက California ပြည်နယ်မှာ မုန်တိုင်းတွေ ဆက်တိုက်ဝင်နေပြီး လေပြင်းတိုက်ခတ်၊ ရေကြီးမှုကြောင့် ၁၉ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ သောကြာနေ့အထိ လူပေါင်း ၆ ထောင်ကျော် ဘေးကင်းရာပြောင်းရွှေ့ နေနေကြရပြီး၊ အိမ်ခြေ ၂ သောင်းကျော်လည်း လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ California ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးရဲ့ အရေးပေါ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားရေးမှူး Nancy Ward က ပြောပါတယ်။
ပြည်ထောင်စုအစိုးရ အရေးပေါ်တုံ့ပြန်စီမံခန့်ခွဲရေး FEMA ဌာနအကြီးအကဲ Deanne Criswell လည်း သောကြာနေ့က California ပြည်နယ်ထဲက ထိခိုက်ပျက်စီးမှုတွေကို သွားရောက်လေ့လာခဲ့ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom ကလည်း မုန်တိုင်းဒဏ်ခံထားရတဲ့ Montecito မြို့ကို သွားရောက်ပြီး ထိခိုက်ခဲ့သူတွေကို အားပေးစကားပြောခဲ့ပါတယ်။ California ပြည်နယ်ထဲက နေရာတော်တော်များများမှာ လူနေအိမ်တွေထိခိုက်ပျက်စီးတဲ့အထိ ရေကြီးမှု၊ ရေကာတာကျိုးပေါက်မှု၊ ရေကြီး မြေပြိုတာတွေ ဖြစ်နေသလို၊ ဟာရီကိန်းပြင်းအားနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ခဲ့တဲ့အပြင် လေဆင်နှာမောင်းတိုတ်ခတ်တဲ့ဒဏ်ကိုလည်း ခံခဲ့ကြရပါတယ်။