သုံးရလွယ်ကူစေသည့် Link များ

ရှစ်လေးလုံးအရေးတော်ပုံ မျှော်လင့်ချက်နဲ့ လက်ရှိ


ရန်ကုန်မြို့ ဆူးလေးဘုရားလမ်းပေါ်က ရှစ်လေးလုံး လူထုဆန္ဒပြပွဲ (သြဂုတ်လ ၈ ၁၉၈၈ခုနှစ်)

မြန်မာတနိုင်ငံလုံး လှည်းနေလှေအောင်းမြင်းဇောင်မကျန် ဒီလှိုင်းပမာ ရဟန်းရှင်လူပြည်သူတရပ်လုံး ပါဝင်ခဲ့ကြတဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ၂၉နှစ်ပြည့် နှစ်ပတ်လည်ခဲ့ပါပြီ။

ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးရဲ့ မျှော်လင့်ချက်တွေနဲ့ ရှစ်လေးလုံးလှုပ်ရှားမှုခေါင်းဆောင်တွေရဲ့ ရည်မှန်းချက်တွေ အခု ဘယ်လောက်အထိ လက်တွေ့ ပေါက်မြောက်လာပါပြီလဲ။ ရှစ်လေးလုံးလှုပ်ရှားမှုက ထွက်ပေါ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစိုးရ လွှတ်တော်တွေကရော ရှစ်လေးလုံးရဲ့မျှော်လင့်ချက်တွေ ဘယ်လောက်အထိ အကောင်အထည်ဖော်နေပြီလဲ။

၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီး၊ မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းနဲ့ မန္တလေးမြို့က ရှေ့နေကြီး ဦးသိန်းသန်းဦး တို့က ပင်တိုင်ဆွေးနွေးထားကြပါတယ်။

XS
SM
MD
LG