သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းစုစီဥပဒေ ပြင်ဆင်ချက်နဲ့ အကျိုး၊ အပြစ်


မတ်လ ၁၀၊ ၂၀၁၈ - လွှတ်တော်ထဲမှာရော လွှတ်တော်ပြင်ပမှာပါ ကန့်ကွက်မှုတွေ ရှိနေတဲ့ ကြားမှာပဲ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်က ဒီတပတ်ထဲမှာပဲ အတည်ပြုလိုက်ပါတယ်။

ဆန္ဒပြရာမှာ ကုန်ကျစရိတ်နဲ့ ကျခံမယ့်သူရဲ့ အချက်အလက်ကို တင်ပြဖို့၊ ဆန္ဒပြဖို့ ဖျားယောင်း သွေးဆောင်တယ်ဆိုရင် ထောင်ဒဏ် ၂ နှစ်အထိ အပြစ်ပေးဖို့လို ပြဌာန်းချက် အသစ်တွေ ထပ်မံဖြည့်စွက်ထားတဲ့ ပြင်ဆင်ချက်ကြောင့် ဒီမိုကရေစီ လွတ်လပ်ခွင့်တွေအပေါ် ကန့်သတ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်အောင် မသမာတဲ့နည်းနဲ့ သွေးဆောင်စည်းရုံးတာတွေကို ရှောင်ရှားနိုင်ဖို့၊ အများပြည်သူ အနေနဲ့ ကိုယ်ကျင့်တရားနဲ့အညီ ဆန္ဒထုတ်ဖော်နိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုတဲ့ ဥပဒေပြင်ဆင်ချက်ဟာ လက်တွေ့မှာ အကျိုးနဲ့အပြစ် ဘယ်ဖက်က ပိုများနိုင်ပါသလဲ၊ ငြိမ်းစုစီ ဥပဒေကို ပြင်သင့်၊ မသင့် ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး ကဆွေးနွေးတင်ဆက် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG