သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရလက်ထက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး


ဇွန်လ ၂၊ ၂၀၁၈ - အကျင့်ပျက် ခြစားမှုတွေနဲ့ ဆက်နွယ်ပြီး မကြာသေးခင်ကပဲ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ အဆင့်မြင့် အရာရှိတချို့ကို စုံစမ်းစစ်ဆေးနေတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် သင်္ကြန်နှစ်သစ်ကူး မိန့်ခွန်းမှာ အကျင့်ပျက် ခြစားမှုတွေကို နှိမ်နင်းမယ်ဆိုပြီး ကတိပေးပြောကြားပြီး နောက်မှာပဲ အရေးယူ ကိုင်တွယ်တဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့တာပါ။

အရပ်သားအစိုးရလက်ထက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်အပေါ် အားရစရာ၊ အားမရစရာ ဘာတွေရှိနိုင်မလဲ၊ ဘယ်ကဏ္ဍ၊ ဘယ်ဌာနတွေမှာ အကျင့်ပျက် ခြစားတဲ့ ပြဿနာတွေကို အဓိကဖြေရှင်းဖို့ ကျန်နေသေးလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဥပဒေရှုဒေါင့်၊ လူမှုရေးရှုဒေါင့်တွေကနေ ကိုအောင်လွင်ဦး က ဆွေးနွေးတင်ဆက်ထားပါတယ်။

NLD အစိုးရလက်ထက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး
please wait

No media source currently available

0:00 0:26:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG