မြန်မာအစိုးရက ပြင်ဆင်နေတဲ့ တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ် NCAမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၇)ဖွဲ့ထဲက (၇)ဖွဲ့ဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး၊ DKBA ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် ၊ KNLA-PC ကရင်ငြိမ်းချမ်းရေးကောင်စီ ၊ CNF ချင်းအမျိုးသား တပ်ဦး ၊ PNLO ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး နဲ့ ALP ရခိုင်ပြည် လွတ်မြောက်ရေးပါတီ တို့ အပြင် RCSS/ SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ စတဲ့ စုစုပေါင်း (၈)ဖွဲ့တို့က အောက်တိုဘာလ (၁၅)ရက်နေ့မှာ ပါဝင်လက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။
ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့၊ MNSP မွန်ပြည်သစ်ပါတီ စတဲ့ အဖွဲ့(၁၀)ဖွဲ့က NCA မှာ ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိတဲ့အပေါ် အပစ်အခတ်ရပ်စဲရေးကို လက်တွေ့မှာ ဖေါ်ဆောင်နိုင်ပါ့မလား။
စနေနေ့ညတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးတင်ဆက်ထားပါတယ်။