ဇူလိုင် ၁၅၊ ၂၀၁၇ - မြန်မာနိုင်ငံမှာ အစိုးရဝန်ထမ်းလို့ လူသိများတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ပြုပြင်ပြောင်းလဲရေးအတွက်၊ အကျင့်ပျက်ခြစားမှုတွေ၊ ဗဟိုချုပ်ကိုင်မှုတွေ လျှော့ချမယ့် အစီအစဉ်တွေ ပါဝင်တဲ့ မဟာဗျုဟာတရပ်ကို ချမှတ်ကျင့်သုံးဖို့ အစိုးရက ပြင်ဆင်နေပါတယ်။
အစိုးရယန္တယားမှာ အရေးပါတဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ဒီကနေ့ အခြေအနေ ဘယ်လိုရှိနေပါသလဲ၊ ဘာတွေ ပြင်ဖို့လိုနေပါသလဲ၊ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး က ဆွေးနွေးတင်ဆက်ထားပါတယ်။