ဧပြီ ၁၄၊ ၂၀၁၈ - မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလမှာ ခိုက်ရန်ဖြစ်တာတွေ၊ အပျော်လွန်တာတွေလည်း မကြာခဏ ကြုံရလေ့ရှိတတ်ပါတယ်။ ရိုးရာနှစ်သစ်ကူးသင်္ကြန်မှာ ၀မ်းနည်းစရာ အဖြစ်တွေနဲ့ မကြုံရအောင် ရှောင်ရှားပြီး၊ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်အောင် ရေကစားသူတွေ လိုက်နာသင့်တာတွေ၊ တာဝန်ရှိသူတွေဘက်က ဆောင်ရွက်သင့်တာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေး တင်ဆက်ထားပါတယ်။